Tuesday, November 3, 2009

Halloween Humour



ဒီက ကလေးတွေ မျှော်လင့်စောင့်စားနေကြသော Oct 31 မှာကျရောက်ခဲ့တဲ့ Halloween ကတော့ပြီးဆုံးသွားပါပြီ။ သူတို့ခမျာမှာတော့ Trick or Treat ဆိုအော်ပြီး အိမ်ပေါက်စေ့လည်လို့ ပျော်လိုက်ရတယ် မထင်ပါဘူး။ Candy တွေလည်း မျှော်လင့်ထားသလောက်မှ ရကြရှာရဲ့လား မသိ။ ဘာဖြစ်လို့လဲလို့ မေးလာရင် 'ပွဲဖျက်တဲ့မိုး' ရယ်လို့ သူတို့ကလေးတွေက ဦးရာလူ တိုင်တည်ကြမည် အမှန်။ မိုးလင်းကတည်းက တအိအိရွာလိုက်တဲ့မိုးဟာ နေဝင်မိုးချုပ်အထိ မရပ်မစဲနိုင်အောင်ပဲ။ အရမ်းကြီးသည်းတာမဟုတ်ပဲ သွားရလာရ အဆင်မပြေရုံ ရွာတဲ့မိုး။ ကလေးတွေကို ထိုင်မရထမရ ဖြစ်စေတဲ့မိုးဆိုရင် ပိုမှန်မယ်ထင်တယ်။ မိုးမင်းကြီးက Candyထွက်တောင်းချင်တဲ့ ကလေးတွေအပေါ် ဘာအငြိုးရှိနေ မှန်းမှ မသိတာနော်။ မိုးမင်းကြီးဆိုလို့လေ ဖြူတုတ်တို့ရဲ့ ကလေးဘဝကို ခဏတောင် ပြန်ပြောင်း သတိရလိုက်မိသေးတယ်။ မုံရွာမှာ သီတင်းကျွတ် ဘုရားကြီးပွဲ ဆင်နွှဲတဲ့အချိန်ဆို မိုးရွာတတ်တယ်လေ။ ဖြူတုတ်တို့က ကလေးပဲရှိသေးတာဆိုတော့ လူကြီးမပါရင် မသွားနိုင်သေးတဲ့ အရွယ်။ အဲဒီတော့ ဖေဖေအလုပ်ပါးတဲ့ စနေ၊ တနင်္ဂနွေထိရောက်အောင် စိတ်ကိုဆွဲဆန့်ပြီး စောင့်ရတာပေါ့။ ကိုယ်သွားမဲ့နေ့မှာမှ မိုးရွာလိုက်ရင် ခဲလေသမျှ သဲရေကျပဲ။ ဆိုတော့ မိုးလေဝသနားထောင်ပြီး မိုးရွာခြေရှိတယ်ဆိုရင် အရှင်ဥပဂုတ္တရုပ်ထုတော်ကို ရေကြိုလောင်းလိုလောင်းနဲ့ ရှုတ်လိုက်တဲ့အလုပ်။ ပြန်ဆက်ရရင် စနေနေ့မှာကျရောက်တဲ့ Halloweenမှာ လွတ်လွတ်လပ်လပ် ပျော်မယ်လို့ အားခဲထားတဲ့ ခမျာရှာတို့မတော့ ဒီမိုးကြောင့် Angelina Jolieထက် ပိုထူပြီးစုတဲ့ နှုတ်ခမ်းပိုင်ရှင်လေးများ ဖြစ်နေတော့မှာပေါ့။ တချိန်တည်းမှာပဲ Costumeဝတ်ရတာ သိပ်ပြီး ဝါသနာမပါတတ်သူ ဖြူတုတ်ကတော့ ဒီနှစ် အိမ်မှာပဲနေပြီး ကလေးတွေ ဝတ်စားလာတာကို ကြည့်မယ်ပေါ့။ (အရင်နှစ်တွေက သာမန်အဝတ်အစားနဲ့ပဲ သွားတော့ အဟားခံရတယ်လေ။ ဒီနှစ်တော့ မရဘူးလို့ ရာဇသံ ထွက်လာလို့။) ဖြစ်ချင်တော့ ကလေးတွေလည်း မလည်နိုင်တော့တဲ့အတွက် ဖြူတုတ်လည်း သိပ်မကြည့်ရဘူးပေါ့။ အဲဒီလိုနဲ့ ခပ်ပျင်းပျင်းအရှိမှာ email ကိုစစ်လိုက်တော့ အဒေါ်လိုခင်တဲ့ 'ကြီးကြီး KAT' ဆီကနေ ပေးပို့လာတဲ့ ဒီ Halloweenဟာသလေးများကို တွေ့တော့တာပါပဲ။ ဖြူတုတ်နှစ်သက်မိလို့ စာဖတ်သူတို့နဲ့ မျှဝေလိုက်ပါတယ်။ တချို့ကာတွန်းလေးတွေဟာ ရယ်စရာသက်သက် ဖြစ်သလို၊ တချို့ကကျတော့ ခေတ်ရဲ့လက်ရှိအခြေအနေကို တစေ့တစောင်း ထင်ဟပ်စေပါတယ်။ ဖြူတုတ်ရဲ့စာကို ဖတ်နေရင်း 'ဟဲ့ နိဒါန်းချီလို့ကို မပြီးနိုင်သေးဘူး' လို့ တွေးနေရင် ဒီမှာပဲ လက်ကို ဘရိတ်အုပ်လိုက်ပါပြီ။ ဟာသလေးတွေကို ခံစားကြည့်ကြပါနော်။


၁။ သူတို့တိုင်းပြည်မှာဝေတဲ့ Candy လေးက မွေးကာစ ကလေးလေးတွေနဲ့ တူသလိုပဲနော်။


၂။ မူးရင်မမောင်းနဲ့ (အဲလေ... မစီးနဲ့)၊ စီးရင် မမူးနဲ့ ခင်ဗျ။


၃။ သူတို့ဆီမှာလည်း Shrimp လိုအပ်တာကိုး။ (ခုထက်ထိ စဉ်းစားလို့မရဘူး။ ဒီတိုင်းပြည်မှာ Psychiatric ကို ဘာကြောင့် Shrimp လို့ခေါ်လဲ ဆိုတာ။)


၎။ အမေရိကမှာရှိတဲ့ အိမ်တွေအတော်များများ Foreclosure မိနေလို့ ကလေးတွေခမျာ Candy ရဖို့လမ်းမမြင် ဖြစ်ရပါပေါ့လား။


၅။ သူကတော့ တကယ့်Mummy အစစ်တွေကို Costume ဝတ်ထားသူတွေနဲ့ မှားတယ်ထင်တယ်။ ဖြူတုတ်သိပ်မရှင်းဘူး။


၆။ ဖြူတုတ်မှန်မှန် ဝန်ခံရရင် Toilet Paper နဲ့တွဲနေတာတောင် ဟိုဖက်ကတစ်ယောက်ရဲ့ Costumeကို ပုံဖော်လို့ မရခဲ့ဘူး။ တကယ်ပြောတာ... ၁၅မိနစ်လောက် စဉ်းစားလိုက်ရတယ်။ (မရယ်နဲ့နော်) ပေါက်ပေါက်ရှာရှာ တွေးလည်းတွေးတတ်တယ်။


၇။ ဒီတစ်ခုကတော့ Fire Hydrant အဖြစ် ဝတ်ဆင်ချင်သူတွေအတွက် သတိပေးချက် နေမှာ။ (ဒီမှာ အပြာ နဲ့ ငွေရောင်ဆိုးထားတဲ့ FH တွေလည်း ရှိပါတယ်။ အနီရောင်ကိုတော့ အများဆုံးတွေ့နိုင်ပါတယ်။)

ပေးပို့သူ: KAT


ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

15 comments:

ခရေညို said...

သဘောကျလို့ ပုံလေးတွေကိုယူသွားတယ်။ အိမ်ကသားအကြီးကောင်ကိုပြချင်လို့။
ဖြူတုတ်လေးရေ ကျေးဇူးပါ။

စည်သူ said...

ဖြူဖြူတုတ်တုတ်လေးရ..
ကျွန်တော်လည်း ပိန်းတယ်..

ဖြူတုတ်လေးပြောတာက တစ်ရှူးနဲ့ တွဲပြထားတဲ့ပုံက ဟိုဒါကြီးလား..းP ထင်တာနော်..အဟိ..

ပိန်းတာက မပြောနဲ့..
ဖြူဖြူတုတ်တုတ်လေးပြောတဲ့
Halloween Humour
ဆိုတာကို ခုမှ ကြားဖူးတာ.. ဟီးဟီး..

ပျော်ရွှင်ပါစေဖြူဖြူတုတ်တုတ်လေးရ..

ကိုလူထွေး said...

ဒုတိယတခု ရယ်ရတယ်...

e တုံးကြီးလည်း ရယ်ရတယ်...

ဖြူတုတ်လေးလည်း ရယ်ရတယ်...

းဝ)

ရွှေရတုမှတ်တမ်း said...

နောက်နှစ် Halloween မှာဘာဝတ်မလဲဖြူတုတ်ရေ့..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ဖြူတုတ်လေး ရေ..

Halloween Humour... အကြောင်းကို ဖတ်ရင်းနဲ့ ပုံလေးတွေ ပေးပို့သူရော.. မျှဝေပေးတဲ့သူကိုရော ကျေးဇူးပါ...

ခင်မင်စွာဖြင့်
ကိုမျိုး

ဂျစ်တူး ( မုံရွာ ) said...

ဖြူလေးရေ--
ညီကလေးကဒါတွေလည်းဖြစ်တာဘဲနော်-
ပျော်ရွှင်စွာပေးဆပ်ခဲ့တဲ့ညီမလေးကျန်းမာပါစေ-

Rita said...

အော် အဲလို ကြံကြံဖန်ဖန်လေးတွေ ဝတ်ရတယ်လား။

ကိုအောင် said...

Halloween ဟာသလေးတွေ ကောင်းတယ်ဟေ့။

မဆုမွန် said...

ဖြူတုတ်လေးရေ ပုံလေးတွေနဲ့ အောက်က မှတ်ချက်လေးတွေ ဖတ်ပြီး ပြုံးသွားတယ် သကြားလုံး လာယူညီမလေး ခိခိ

ကြည်ဖြူပိုင် said...

လာဖတ်ပြီး
လာရီသွားတယ်
ဖြူတုတ်လေးရေ
ပို့စ်ကြွေးလဲဆပ်တော့မယ်နော်
အပျင်းထူပြီးနောက်ကျနေတာအတွက်ခွင့်လွှတ်ပေးနော်

ကြည်ဖြူပိုင် said...

ဖြူတုတ်လေးေ၇..တဂ်ပို့စ် တင်ပြီးကြောင်းသတင်းလာပို့ ပါတယ်နော် :D
ပျော်ရွှင်ပါစေ

ဂျစ်တူး ( မုံရွာ ) said...

ယုန်ကလေး-
ငါကညီးကိုရှာနေတာ-
ငါမှာဟိုရောက်ဒီရောက်-
ဖတ်ဖတ်ကိုမောရောဘဲ-
အခုဘယ်ကိုပြောက်-
သတင်းကလေးဘာကလေးအဋ္ဌေကာင်းဋ္ဌကားပါအုံး-

ဂျစ်တူး ( မုံရွာ ) said...

ဖြူလေး
ညီးဘယ်တွေရောက်ပြီး
ဘာတွေလုပ်နေတာလဲ
စိတ်ပူတယ်-
ရောက်ရာအရပ်ကအမြန်ဆုံးအကြောင်းပြန်ပါ
ဒါဘဲ - - -

ဂျစ်တူး ( မုံရွာ ) said...

ဘယ်ကိုရောက်လို့ဘာတွေလုပ်-
စိတ်ပူလာပြီနော်-
နဲနဲကလေးဖြစ်ဖြစ်အရိပ်အရောင်ပြပါ-
ဒါဘဲ-

ဂျစ်တူး ( မုံရွာ ) said...

ဖြူလေးးးးးး