Sunday, September 27, 2009

ထွန်းထွန်းသို့ပေးစာ



ဒီနေ့ စနေနေ့ဆိုတော့ ထုံးစံအတိုင်း သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်ပြီး Lunchစားဖို့ Schedule ဆွဲထားပါတယ်။ မိုးလေဝသကတော့ ညနေမှာ မိုးဖွဲဖွဲရွာနိုင်တယ်လို့ ခန့်မှန်းထားတာပဲ။ မပြင်ဆင်ခင် အပြင်ကကောင်းကင်ကို လှမ်းကြည့်လိုက်တော့ တိမ်တွေညိုမဲပြီး မိုးအုံ့အုံ့ဖြစ် ရုံတင်မက မိုးပို့တဲ့ လေကပါ ခပ်ပြင်းပြင်းတိုက်နေတာကို သိလိုက်ရတယ်။ သေချာတာကတော့ ဒီမိုးဟာ ညနေအထိ မစောင့်တော့ဘူး။ ဒါနဲ့ ဖြူတုတ်လည်: အိမ်ထဲမှာပဲ ကွေးချင်စိတ် ပိုများသွားပြီး သူငယ်ချင်းကို မသွားဖြစ်တော့ဘူးလို့ ဖုန်းလှမ်းဆက်လိုက်တယ်။ သူငယ်ချင်းကတော့ အပြင်ထွက်မှာမို့ နေ့လယ်စာ ဘာမှချက်မထားဘူးဆိုပြီး ကွိစိကွစိတော့ နဲနဲလုပ်ချင်တယ်။ ချော့မော့ပြောနေတုန်းမှာပဲ သူ Takeoutမှာလိုက်တော့မယ်ဆိုပြီး ဖုန်းချသွားတယ်။ ကဲနားအေးသွားပြီ။ ဖြူတုတ်ကတော့ ပျော်တယ်။ ဘာကြောင့်လဲသိလား? ဖြူတုတ်အတွက် No Shopping ရဲ့ Trade Off သည် Blog ပေါ်ကို အသစ်တင်နိုင်ဖို့အတွက် စာရေးခြင်းလေ။ ဖြူတုတ်ရဲ့ အဖိုးတန်တဲ့ အားလပ်ချိန်လေးကို စာလေးရေးရင်းနဲ့ ကုန်ဆုံးစေမယ်ပေါ့။ (ဖြူတုတ်တို့များ စာလေးတစ်ပုဒ် ခြောက်တီးခြောက်ချက် ရေးပြီးခါစ ရှိသေးတယ် လေကတော့ ခပ်ကြီးကြီးပဲ) ဒါတောင်နော် ကိုယ့်ကိုကိုယ် တစက်မှ မရေးတတ်ဘူးလို့ ခံယူထားတဲ့သူ။ နို့မဟုတ်ရင်တော့ ... စာဖတ်သူရေ... ထားလိုက်ပါတော့လေ။ Whoppers ဘူး တစ်ဝက်လောက် ဝါးပြီးသွားချိန်မှာတော့ EUREKA (စိတ်ထဲက အော်တာပါ, အာခီမီးဒီးလိုလဲ စည်ပိုင်းထဲမှာရှိမနေပါဘူး)ဆိုပြီး ထခုန်လုနီးပါး ပျော်သွားပါတယ်။ ကုန်ကြမ်းရသွားပြီလေ။ ခေါင်းစဉ်က 'ထွန်းထွန်းသို့ပေးစာ'တဲ့။ ဟုတ်တယ်၊ ဟုတ်တယ် အခုခေတ်မှာ လူသိများနေတဲ့ ထွန်းထွန်း(Examplez) ကိုပြောတာ။ဒီခေါင်းစဉ်ကြောင့် ဖြူတုတ်ကိုတော့ ဆယ်ကျော်သက်လေးလို့မထင်လိုက်ကြပါနဲ့။ ဖြူတုတ် လူ့လောကကြီးထဲ ရောက်လာတာ decades နှစ်ခုကို တော်တော်ကျော်နေပါပြီ။ တချိန်တည်:မှာပဲ ဖြူတုတ် စဉ်းစားမိတာက ဆယ်ကျော်သက်တုန်းကတောင် ကလေးကလားဆန်တယ်ဆိုပြီး မင်းသားဆီစာရေးတဲ့ သူငယ်ချင်းတွေကို တားမြစ်ခဲ့တာ။ မင်းသားတွေက ဖတ်မှာမှမဟုတ်ဘူး၊ နင်တို့စာကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် ထင်မှာမဟုတ်ဘူး ဆိုပြီးအာချောင်ခဲ့တာ။ အလုပ်တစ်ခုလုပ်ရင် အရာထင်မှလေ ဆိုပြီးလျှာရှည်ခဲ့တာ။ အဲဒီတုန်းက Physics မှာ Work Done သင်ထားကာစဆိုတော့ အဲဒီ Theory လေးတောင် ကိုးကားလိုက်သေးတယ်။ ကိုယ်ကရေးပြီး သူတို့ကဖတ်မှ Work Done ပေါ့။ နို့မဟုတ်ရင် နင်တို့အချိန် နဲ့စက္ကူ အလကားဖြစ်ရုံပဲပေါ့။ အမယ်လေး အဲဒီတုန်းက ကိုယ်ကသူတို့ထက် အပြန်တရာအသက်ကြီးတဲ့ လေသံနဲ့။ သူတို့ကတော့  ဖြူတုတ်ကို လူတွင်ကြယ်လေသံ နဲ့ဆိုပြီးတော့ မြက်စောင်းတစ်ချက် ရှဲခနဲခဲပြီး တခြားအကြောင်းကို စကားလွှဲသွားကြတယ်။ မှန်မှန်ဝန်ခံရရင် ဆယ်ကျော်သက်တုန်းကတော့ သူများလုပ်တိုင်း လိုက်လုပ်တဲ့သူ မဖြစ်ချင်ဘူးဆိုပြီး ဘာမှမဟုတ်တဲ့မာန ထားခဲ့ယုံသက်သက်လောက်ပါပဲ။ အခြောက်တိုက် ဘဝင်မြင့်တယ်ပဲ ဆိုရမလား။ (ကိုယ့်ကိုယ်ကို ဒီလိုအမွှန်းတင်ရတာ တမျိုးကြီးပဲ) အဲဒီလိုလုပ်ခဲ့တဲ့သူက အခု နှစ်ဆယ်ကျော် သုံးဆယ်နားနီးမှ ထွန်းထွန်းဆီကို စာရေးပြီး ဘာအရူးထချင်ရတာတုန်း မေး ရင်…။



ဖြစ်ချင်တော့ တရက်မှာ ညီမလေးဆီက Forward email တစ်ခုကိုစစ်ရင်းနဲ့ ထွန်းထွန်းနာမည်နဲ့ email addressကို သွားတွေ့တယ်။ အံ့အားတော့ နဲနဲသင့်သွားတယ်။ Save တော့ထားလိုက် တာပေါ့နော်။ အေးဆေးပါပဲ။ ဘယ်သူ့ကိုမှတောင် အဲဒီအကြောင်း မပြောဖြစ်ဘူး။ နောက်နှစ်ရက်လောက် အကြာမှာပဲ တိုက်တိုက်ဆိုင်ဆိုင် 'ပန်းသီးပုံပြင်'ကို ဒေါ်လေးနဲ့အတူ ကြည့်ဖြစ်ကြတယ်။ ညိုမင်းလွင် ရိုက်ပြီး ထွန်းထွန်းနဲ့အိဒြာ့္ဒကျော်ဇင် သရုပ်ဆောင်ထားပါတယ်။ တက္ကသိုလ်ကျောင်းသူနဲ့ ကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ မြန်မာကားထဲမှာတော့ တော်တော်သပ်ရပ်တယ် ဆိုရပါမယ်။ အထူးသဖြင့် ထွန်းထွန်းရဲ့ အမူအယာဟာ မပိုပဲ မျက်လုံးနဲ့ ထိမ်းပြီးသဘာဝခပ်ကျကျ သရုပ်ဆောင်သွားတာကို ဒေါ်လေးရော ဖြူတုတ်ပါ သတိထားမိကြပါတယ်။ (ဟုတ်ပါ့...ကိုရီးယားမင်းသား ဂျွန်စောကိုကြည့်ပြီး ဒီမျက်လုံးအမူအရာကိုပဲ စကားထဲထည့် ပြောနေကြတာ) ယေဘုယျအားဖြင့် မြန်မာသရုပ်ဆောင် တော်တော်များများဟာ အမူအရာ ပိုတတ်ကျပါတယ်။ Dialogue ပြောရာမှာ အပြင်မှာ သာမန်လူ စကားပြောသလို မဟုတ်ပဲ ဇာတ်အငွေ့အသက် နဲနဲပါချင်တယ်လို့ ဖြူတုတ်တို့ဝေဖန်လေ့ရှိပါတယ်။ အဲလို သမားရိုးကျတွေထဲကနေ နဲနဲခွဲထွက်လာဟန်ရှိတဲ့ ထွန်းထွန်းကို အားရမိတာတော့အမှန်ပါပဲ။ (ဖြူတုတ်တတ်လို့ဝေဖန်တာ မဟုတ်ပါဘူး။ အညတရ ပရိတ်သတ်တစ်ယောက်ရဲ့ အမြင်သက်သက်ကို ဝေမျှခြင်းပါ) ဖြူတုတ်ရဲ့ အားတက်သရောနဲ့ မှတ်ချက်ပေးနေတဲ့ပုံ ကိုကြည့်ပြီး နောက်ပြောင်ချင်တဲ့ဒေါ်လေးက 'ညည်း... ဦးဝင်းငြိမ်:ကတဆင့် Kudosပို့ပါလားလို့' ပြောပါတယ်။ အဲဒီတခဏမှာ ဖြူတုတ်လဲ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး 'တကယ်ပို့စေချင်တာလားဆိုပြီး' အောက်မှာဖော်ပြမည့် ပေးစာကို တချောက်ချောက် ကောက်ရိုက်လိုက်ပါတော့သတည်း။ (သစ်ရွက်လှုပ်တိုင်း ရယ်တဲ့အရွယ် မဟုတ်တော့တဲ့ အခုအရွယ်မှာ ငယ်သူငယ်ချင်းတွေက ထောက်ပြလာရင် ဖြူတုတ်ရဲ့ဆင်ခြေကတော့ မိတ်ဆက်စာရေးတာ မဟုတ်ပါဘူးလို့။ email ပို့တဲ့အတွက် သူဖတ်ဖြစ်မှာပါလို့။ သူ့ကို On Line မှာ အစိမ်းရောင်ဘောလုံးလေး ဖြစ်နေတာကို တွေ့တွေ့နေပါတယ်လို့။နောက်ပြီးတော့လေ လူကြီးဆန်ဆန် ချီးကျူး အကြံပြုခြင်းပါလို့ ပြောရင်းနဲ့ပဲ...)


ဖြူတုတ် အမြီးအမောက်မတည့်စွာ ရေးထားတဲ့ English ကို မြန်မာလိုမချောမွေ့စွာ ဘာသာပြန် ပေးထားပါတယ်။ သည်းခံပြီး ဖတ်ပေးကြပါ။ ထွန်းထွန်းက ဖြူတုတ်ထက် ငယ်တဲ့အတွက် 'ထွန်းထွန်း' လို့ပဲ ပိုင်ပိုင်နိုင်နိုင် ခေါ်လိုက်ပါတယ်။

Hi Tun Tun,

 

How are you? It's been a while that I haven't watched a good movie of yours since 'Daw Mi Mi Khine'. Today, I've just watched 'Apple Story'. Your performance was so good so that we felt as if our attention was deeply nailed in the movie. I am so pleased and very proud of you. If you can maintain the same quality of being natural and expressive eyes for the upcoming movies, you can even surpass Nay Toe. If I must tell you, Nay Toe just has the look but his acting skill is so so. In my opinion, yours is far better than Nay Toe. One thing I'd like to suggest is that for you to keep on working harder on your eye expressions if you can. Unlike other actors, you are very humble and hard working. We can see the improvements in you. We'll always be your fan no matter what you do. But thank you very much for working so hard for the fans. Please keep up the good work.

I know that you are such a busy actor. So, I will no longer take up your time with my lengthy letter. I hope that you will come and perform in the U.S soon. All the best and take care!

Your DieHard Fan,
###


ချစ်တဲ့ ထွန်းထွန်း


ကျန်းခန့်သာလို့မာပါရဲ့လား။ 'ဒေါ်မိမိခိုင်ရဲ့ ...' ပြီးကတည်:က မင်းရဲ့ဗွီဒီယိုကောင်းကောင်းလေးတွေ မကြည့်ရတာကြာပြီနော်။ ဒီနေ့တော့ 'ပန်းသီးပုံပြင်' ကိုကြည့်ဖြစ်တယ်။ မင်းရဲ့သရုပ်ဆောင်မှူဟာ ကောင်းလွန်းတဲ့အတွက် တို့တွေရဲ့စိတ်ဝင်စားမှူကို ရုပ်ရှင်ထဲမှာ သံနဲ့စွဲနေအောင် နှက်ထားလိုက်သလို ခံစားရပါတယ်။ ကိုယ်အရမ်းကျေနပ်ပြီး မင်းအတွက်ဂုဏ်လဲယူပါတယ်။ မင်းရဲ့ သဘာဝကျမှူနဲ့ expressiveဖြစ်တဲ့မျက်လုံးသရုပ်ဆောင်မှူကို အခုအတိုင်းဆက်လက်ထိမ်းသိမ်းသားနိုင်မယ်ဆိုရင် မင်းနောက်ရိုက်မဲ့ကားတွေမှာ နေတိုးကိုတောင်ကျော်သွားနိုင်ပါတယ်။ မင်းကိုပြောရမယ်ဆိုရင် နေတိုးကရုပ်ချောတာပဲရှိတာ၊ သရုပ်ဆောင်မှူကတော့ သာမန်ပါပဲ။ ကိုယ့်အမြင်ပြောရရင် မင်းရဲ့သရုပ်ဆောင်မှူက အပြတ်အသတ်သာပါတယ်။ ကိုတစ်ခုထပ်ပြီး အကြံပြုချင်တာကတော့ မင်းမျက်လုံးသရုပ်ဆောင်မှူကို တိုးတက်အောင် ဆက်ပြီးကြိုးစားသွားဖို့ပါပဲ၊ မင်းလုပ်နိုင်မယ်ဆိုရင်ပေါ့။ မင်းဟာတခြားမင်းသားတွေနဲ့မတူဘဲ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး အလုပ်ကြိုးစားသူပါ။ မင်းရဲ့ တိုးတက်မှူတွေကိုလည်:တွေ့နေရပါတယ်။ မင်းဘာပဲလုပ်နေနေ တို့ဟာမင်းရဲ့ပရိသတ် အမြဲဖြစ်နေမှာပါ။ ပရိသတ်တွေအတွက် ကြိုးစားနေတာကို ကျေးဇူးတင်ပါတယ်။ ကြိုးစားမှူကို ထိမ်းသိမ်းထားပါ။


မင်းဟာ အလုပ်များတဲ့သရုပ်ဆောင်တစ်ယောက်ဆိုတာ ကိုယ်သိပါတယ်။ ဒါကြောင့် ကိုယ့်စာအရှည်ကြီးနဲ့ မင်းရဲ့အချိန်ကိုမယူတော့ပါဘူး။ မင်းမကြာခင်မှာ USကိုလာပြီး ဖျော်ဖြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆုမွန်ကောင်းများစွာနဲ့ ဂရုစိုက်ပါနော်။



မင်းရဲ့အသည်:စွဲပရိသတ်
###

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျေးဇူးတင်ပါတယ်။


ဖြူတုတ်လေး

6 comments:

ရွှေရတုမှတ်တမ်း said...

ဖြူဒုတ်ရေ
ညွှန်းလွန်းလို့ရှာကြည့်ဦးမယ်

သူကြီးမင်း (တုံးဖလား) said...

တယ်ဟုတ်ပါလား။
အားလုံးဖတ်သွားပါတယ်။

Creative Light said...

ငှားကြည့်ဦးမယ်နော်

Rita said...

စိတ်ဝင်စားသွားပြီ။ ဖြူတုတ်လေးညွှန်းလို့။
online ကကြည့်တာ ဆိုရင် ဘယ်ဆိုဒ်ကလဲ ပြောပြပါလား။

ကိုယ်လဲ ထွန်းထွန်းတို့ အဖွဲ့ကို ကြိုက်တယ်။ တခြားလူတွေနဲ့ မတူဘဲ မိကောင်းဖခင် သားသမီးတွေ၊ အဆုံးအမကောင်းနဲ့ ကြီးပြင်းလာတဲ့သူတွေလို့ ထင်မိလို့ပါ။

ကိုယ်ပြောတာက အင်တာဗျူးမှာ ပြောတဲ့ စကားအသုံးအနှုန်းတွေ၊ သရုပ်ဆောင်တဲ့အခါ သီချင်းဆိုတဲ့အခါမှာ ရှိတဲ့ အမူအယာတွေ ကိုပဲ ပြောတာပါ။ ကျန်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုတော့ ထည့်မပြောပါဘူး။

စည်သူ said...

အော်... အဲလိုလား..

ရေးထားတာ ကောင်းပါတယ်..

ဟေဟေး... ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး..
အေ ဘီ စီ ဒီ လောက်ပဲရတာ..

အဆင်ပြေပါတယ် ဖြူဖြူတူတ်တူတ်လေးရေ..

ပျော်ရွှင်ပါစေနော်...

Nge Naing said...

ထွန်းထွန်း တိုးတက်လာတာကိုတော့ သတိထားမိတယ်။ ဒါပေမယ့် သူက သရုပ်ဆောင်တာထက် အဆိုက ပိုကောင်းသလားလို့။ အလုပ်များတာနဲ့ မြန်မာ ရုပ်ရှင်တောင် မကြည့်ရတာ ကြာပြီ။ ရှာကြည့်ဦးမှ။ ဒီပို့စ်လေးအတွက် ကျေးဇူးပဲနော့်။ ဘလော့ဂ်ကိုလာလည်တာလည်း ကျေးဇူးတင်ပါတယ်။