ဒီတခါလည်း ပေါ့ပေါ့ပါးပါးလေး တစ်ခုပါပဲ။ သမ္ဘာရင့် Blogger ညီအစ်ကို မောင်နှမများရဲ့ စကားကိုငှါးသုံးရမယ် ဆိုရင်တော့ ဖြူတုတ် ဆားချက်လိုက်တယ်လို့ ဆိုရမလားပဲ။ ဖြူတုတ်ရဲ့ Blogသက်က ငယ်လွန်းတော့ ဆားတောင်တူးအောင် ချက်အုံးမလား မပြောတတ်ပါဘူး။ စာဖတ်သူရဲ့ လက်ထဲကို ဝကွက်အပ်လိုက်ပါပြီ။ မငံရင်တောင် မခါးဘူးလို့မျှော်လင့်ရတာပါပဲ။
ဖြူတုတ်အခု မျှဝေချင်တာကတော့ လူတစ်ယောက်ရဲ့အသက်ကို ချောကလက်ဘယ်လောက် ကြိုက်သလဲဆိုတာအပေါ်မှာ မူတည်ပြီး ခန့်မှန်းခြင်းပါ။ အဆိုကတော့ သူများတွေကိုသာ အသက်လိမ်လို့ရမယ်၊ Mr.Hersheyကိုတော့ လိမ်လို့မရဘူးတဲ့။ တယ်ဆိုတဲ့ စာပါလား။ ကြည့်ရတာကတော့ အသက်အမှန် မပြောချင်တဲ့သူများကို လှည့်စားချင်တဲ့ သဘောလားမသိ။ ဖြူတုတ်တော့ စိတ်ဝင်စားမိတာ အမှန်ပဲ။ တချိန်တည်းမှာပဲ စဉ်းစားမိတာက ဘယ်လောက် တိကျနိုင်မှာလဲနော်။ မဖြစ်နိုင်ဘူးပေါ့။ မယုံကြည်သူများ (ဖြူတုတ်အပါအဝင်) စမ်းကြည့်လို့ရအောင် Formula လေးကို အောက်မှာ ရေးပေးထားပါတယ်။ ဖြူတုတ်နဲ့ အတူတူ စမ်းကြည့်ရအောင်။ စိတ်အရမ်း မလောနဲ့တဲ့၊ တစ်မိနစ်လောက်ပဲ ကြာတာပါတဲ့၊ cheat လဲမလုပ်ရဘူးတဲ့ (ပို့ပေးတဲ့ သူငယ်ချင်းက ပြောတယ်)။ အိုး... ဒါလောက်ကတော့ ဖြူတုတ်တို့က လိုက်နာနိုင်ပါတယ်။ 'မ'တိကျ (ဒေါ်တိကျလဲ ဖြစ်လို့ရနေပါပြီ)လို့တောင် နာမည်တွင်သေးတာပဲ။ ပြောနေတာကြာပါတယ်။ နံပါတ်စဉ်အတိုင်း ဖြည်းဖြည်းမှန်မှန် တစ်ဆင့်ခြင်း လိုက်နာကြည့်ကြရအောင်။ အောက်ဆုံးကိုကျော်ပြီး ကြိုမကြည့်ကြေးနော်... ok... ready လား? စကြစို့ရဲ့။