Saturday, October 10, 2009

ဖြူတုတ်နှစ်သက်မိသော အမျိုးသားများ



ဖြူတုတ်တင်ချင်တဲ့ ပို့(စ်)ကအသစ်လေးက မှန်းထားတာထက် ပိုကြန့်ကြာနေတယ်။ ဖြစ်ချင်တော့ ဖြူတုတ်ပြင်လေ ပိုမှားလေ၊ ပိုဖတ်လို့မကောင်းလေ။ ကိုယ်တောင်မကြိုက်မှတော့ စာဖတ်သူတို့အတွက် အဆင်ပြေဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့။ အဲဒါနဲ့ စိတ်အပြောင်းအလဲ ဖြစ်အောင်ဆိုပြီး ဖြူတုတ်ရဲ့ Collection ဓာတ်ပုံလေးများကို ဟိုဟိုဒီဒီ ပြန်ကြည့်မိရင်းနဲ့ ဒီPostလေးကို ကြားဖြတ်တင်ဖို့ စိတ်ကူးမိပါတယ်။ ဖြစ်ချင်တော့ Collection ဆိုပေမဲ့ ဓာတ်ပုံတွေလို တောင်ရောက်မြောက်ရောက် download လုပ်ထားယုံပဲရှိတာ။ ဆိုတော့...သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ဆိုပြီး နောက်ခံသီချင်းလေးနဲ့ ဓာတ်ပုံအယ်(လ)ဘမ်လေး လုပ်လိုက်မယ်ပေါ့။ လုပ်ရင်းနဲ့ စိတ်ကတော်တော်လေး ပြန်ကြည်လင်လာပါတယ်။ အစစအဆင်ကိုချောလို့။ ရွေးထားတဲ့ သီချင်းအရှည်နဲ့ ဓာတ်ပုံအရေအတွက်ကလဲ ကွက်တိပဲ။ Preview လည်း ကြည့်ပြီးပြီ။ အကုန်အဆင်ပြေတယ်။ Post လုပ်ဖို့ပဲကျန်တော့တယ်။ အဲဒီလောက်တောင် ရှောရှူနေရင်တော့ သိပ်မဟုတ်တော့ဘူး။ ဖြူတုတ် တစ်ခုခုလုပ်တိုင်း (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) အဖုအထစ်လေးတွေ ရှိတတ်တော့လေ။ တွေးလို့မှမဆုံးသေးဘူး Bloggerမှာ ဗွီဒီယိုတင်လို့ မရတာကိုသွားတွေ့တယ်။ ကဲပါလေ ဖြူတုတ်ရဲ့ ညည်းချင်းနဲ့ ရှည်မနေတော့ပါဘူး။ အဲဒါနဲ့ပဲ YouTube မှာတင်လိုက်ပြီး လင့်(ခ)လုပ်ပေးလိုက်ပါတယ်။ ဖြူတုတ်နဲ့ အကြိုက်ချင်း တူကြလားဟင်? အခုရွေးထားသူတွေက များသောအားဖြင့် သူတို့ရဲ့ရုပ်ကို ကြိုက်တာပါ။ အရည်အချင်းနဲ့ပတ်သက်ပြီး နှစ်သက်မိသူတွေ သတ်သတ်ရှိပါတယ်။ နောက်တခေါက် ပေါ့နော်။ ဒီမှာ ရှုစားလိုက်ပါအုံး။

ဒါနဲ့လေ မဆုမွန်ရဲ့ ကျေးဇူးကြောင့် Tag ခြင်းရဲ့သဘောသဘာဝကို ဖြူတုတ်နားလည်သွားတယ်။ ဒီ Post အတွက် ဖြူတုတ်ကို ဆက်ရေးပေးစေချင်သူများကတော့ မဆုမွန်Ritaကြည်ဖြူပိုင နှင့် ခရေညို တို့ဖြစ်ပါတယ်။ အားတဲ့အခါပေါ့နော်။ ဒါပေမဲ့ ဖြူတုတ်စောင့်ဖတ်နေမယ်လို့ ပြောပါရစေ။

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

10 comments:

ကိုလူထွေး said...

စုံလှခြည်လား...
ဖြူတုတ်ကြိုက်တဲ့သူတွေက နာမည်ကြီးတွေချည်းပဲ...

းဝ)

ရွှေရတုမှတ်တမ်း said...

ဖြူတုတ် အကြိုက်တွေ..များလှချည့်လား...
စိတ်ကြိုက်တွေရွေးနေလို့...post မတင်ဖြစ်တာဖြစ်ရမယ်
း)))

သူကြီးမင်း (တုံးဖလား) said...

ဒီလောက်ဘဲ ကြိုက်တာလား။

ခရေညို said...

ဖြူတုတ် အကြိုက်တွေက အမိုက်စားတွေချည်းပဲ

ကြည်ဖြူပိုင် said...

လာကြည့်သွားတယ်နော် “ဒီမှာ” ကိုအများသားပဲ
:)

မဆုမွန် said...

ဖြူတုတ်လေး တက်ခ်ထားတယ်နော်

ahphyulay said...

ကြိုက်ပါတယ်ဆိုမှ အကောင်းတွေရွေးကြိုက်
တာကိုး၊ရွေးကြိုက်တဲ့ ဟာတွေကလဲ အကုန်ကောင်းပါတယ်။

Rita said...

ဖြူတုတ်လေး

များလှချည်လား
စိတ်ဝင်စားစရာကောင်းတယ်

နဲနဲပဲ အကြိုက်တူတယ်
ကိုယ်တောင် လိုက်ရေးဦးမှလားလို့။
ရာဇဝင်လေးတွေ ခင်းပြီးတော့လေ

ခရေညို said...

ခရေညို အချိန်ရရင် ရေးပေးမယ်နော်

ကြည်ဖြူပိုင် said...

ဟေး..ဖြူတုတ်လေး
ခင်မင်မှုနဲ့တဂ်ထားတာကိုကျေးဇူးပါ
ဒီတက်ဂ်ကနည်းနည်းတော့ခက်သလိုပဲ
ရှက်တယ်...ဟဲဟဲ :P (အမှန်ကဘယ်သူ့ကိုကြိုက်ရမယ်မသိလို့..ဟိဟိ)
ရေးမယ်နော်။ဒီဇင်ဘာထိဘာပို့စ်မှ
မရေးဘဲနေပေမယ့်တဂ်ပို့စ်တော့ရေးတယ်
ဆိုပေမယ့်(ပေမယ့်တွေများနေတယ်နော်)
အဆိုင်းမန့် ၂ခုဖြတ်လိုက်ချင်သေးလို့(ဒီိပို့စ်ကဒီတိုင်းကောက်ရေးလို့မရလို့လေ) အချိန်လေးတော့ပေးနော်သယ်ချင်း.....နောက်ကျရင်စိတ်မဆိုးပါနဲ့နော်။နော်သူငယ်ချင်းလေး