Friday, October 16, 2009

ဖြူတုတ်လေးရဲ့ 'မောင်'



ဒီ Singforyou.net ဆိုတဲ့ Site ကလေးကို ညီမလေးတစ်ယောက်ဆီက ရထားတာကြာပါပြီ။ ဒီလောက် လုပ်ရတာ လွယ်ကူတယ် မထင်တဲ့အတွက် ဖြူတုတ် Procrastinate လုပ်နေတာ နှစ်နဲ့တောင် ချီလောက်ရောပေါ့။ ဒီနေ့တော့ မိုးအေးအေးလေးမှာ ပျင်းပျင်းရှိတာနဲ့ အိမ်မှာပဲ ကာရာအိုကေ ဆိုမလား စိတ်ကူးရာကနေ Blog ပိုင်ရှင်တစ်ယောက်ရဲ့ အခွင့်အရေးကို ကျကျနန အသုံးချပြီး စာဖတ်သူတို့ကို နှိပ်စက်ဖို့ အခုလိုလုပ်ရန် အကြံရရှိသွားခြင်းပါ။

ဖြူတုတ် စာဖတ်သူတို့ကို ပထမဆုံးတင်ဆက်ချင်တဲ့ သီချင်းလေးကတော့ မေဆွိနဲ့ ဟေမာနေဝင်းတို့ ဆိုထားတဲ့ 'မောင်' ဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ ဖြူတုတ်ကို ဘယ်လိုအမှတ်ရစေလဲဆိုရင်...။ ဒီကို စာသင်ဖို့စရောက်ချိန်မှာ ဒေါ်လေးက Stress ကို Relieve လုပ်နိုင်အောင် ကျင့်ရမယ်ဆိုပြီး ဘာဝါသနာပါလဲ မေးပါရော။ ဖြူတုတ်လဲ သီချင်းဆိုတာ နဲနဲတော့ ဝါသနာပါတယ် လို့ပြောမိပါတယ်။ နောက်နေ့မှာ ဒေါ်လေးက စက်ကလေး ဝယ်ပေးလာပါတယ်။ ပထမဆုံး ဆိုဖြစ်ခဲ့တဲ့ သီချင်းလေးက ဒီ 'မောင်' ပေါ့။ ဘာရယ်လို့မဟုတ်ပါဘူး။ ဟေမာ့ရဲ့ အခွေမှာ ပထမဆုံးအပုဒ်မို့ ကောက်ဆိုလိုက်တာပါ။ ဆိုပါများလာတော့ အတော်လေး ချောလာပါတယ်။ ပိုဆိုးတာက ကိုယ့်ကိုယ်ကိုလည်း အတော်ဟုတ်တယ် ထင်လာရော။ ဟိုလူ့နားထောင်ခိုင်း ဒီလူ့နားထောင်ခိုင်းပေါ့။ ဒေါ်လေးတစ်ယောက်လဲ ဒိုင်ခံနားထောင်ရတာ နားညည်းလာတယ်ထင်ပ။ သူ့မိတ်ဆွေတွေ အိမ်လာလည်ရင် ပိတ်ဖမ်းပြီး ဖြူတုတ်ကို ပွဲထုတ်ရတဲ့ အဆင့်ကိုရောက်ပါလေရော။ အဲဒီအချိန်ကစပြီး ဖြူတုတ်ကိုယ့်ကိုယ်ကို သီချင်းဆို အရမ်းဝါသနာပါတာကို သိသွားတယ်။ အမှတ်တရအနေနဲ့ 'မောင်' သီချင်းလေးနဲ့စပြီး Record လုပ်ဖြစ်ပါတယ်။ ဖြူတုတ်ဆိုတာကြိုက်ရင် သီချင်းတောင်းလို့ရတယ် သိလား။ ဖြူတုတ်က ကြိုးစားပြီး မမောတမ်း မပန်းတမ်း ဆိုပေးအုန်းမှာ...။ (ဝါသနာက ထိမ်းလို့ကို မရတော့ဘူး။ ကြော်ငြာကို အပြီးဝင်ထားလိုက်ရော။ လန့်တော့မသွားကျပါနဲ့အုန်း။)

မောင် ကိုနားထောင်ပြီး ဝေဖန်ပေးပါအုန်းနော့။

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

14 comments:

ll_ll said...

မဆိုးဘာဘူး...
ကောင်းဘာတယ်..
ဒါပေမဲ့...
မေဆွိ ကြားရင်တော့... ယူကျုံးမရဖြစ်မှာတော့သေချာတယ် ။
:P

ရွှေရတုမှတ်တမ်း said...

မေဆွိ တို့ ဟေမာနေဝင်း...တို့ကို သနားတယ်....
ကိုယ့်ကိုယ်ကိုလည်း..သနားတယ်...
ခပ်ဝေးဝေး ကနားမထောင်မိလို့....းဝ

Rita said...

ဆိုတတ်ပါတယ်။

ကိုယ်ဆို အဲလောက်မရဘူး

ဖြူတုတ်လေး said...

17 Oct 09, 08:04 AM
Moe Moe said:


သီချင်းလေးလာနားထောင်သွားတယ်...

သူကြီးမင်း (တုံးဖလား) said...

မဆိုးဘူးလို့ပြောရမလား
ကောင်းတယ်လို့ ပြောရမလားတော့မသိဘူး။
ဆုံးအောင်နားထောင်ကြည့်လိုက်တယ်။

ဘာပြောပြောပြော နားထောင်လို့ကောင်းပါတယ်။

Registry Player said...

သီချင်းဆိုကောင်းတာပဲ
အန်တီဖြူတုတ်လေးက

Registry Player said...

အန်တီဖြူတုတ်လေးကသီချင်းဆိုကောင်းတာပဲ

Registry Player said...

အန်တီဖြူတုတ်လေးကသီချင်းဆိုကောင်းတာပဲ

ကိုလူထွေး said...

ပရို စကရက် တနီတိတ် .... ဆိုတာ ဘာလဲ ပြောပြပါ...

းဝ)

ကိုလူထွေး said...

အဲဒါဖြူတုတ် ဆိုတာလား... မသိပါဘူး...
တကယ့်အဆိုတော်ဂျီးမှတ်လို့...

မြှောက်သွားတယ်...

းဝ)

ခရေညို said...

ဟယ် ဖြူတုတ်ကဒါလည်းဖြစ်တာပဲလား?

ဂျစ်တူး ( မုံရွာ ) said...

ဟယ်----ဖြူလေး-------------------------
အံ့ဋ္ဌသခြင်းမျာစွာဖြင့်နားထောင်သွားတယ်-----------
တကယ်ပြောတာနော်-----------------------
ဒီပြင်သီချင်းတွေဆက်လုပ်ပါအုံးဟ---------------
အားပေးနေမယ်-------------------

မဆုမွန် said...

ဖြူတုတ်လေးရေ အသံလေးကောင်းလိုက်တာ...တကယ်ပဲ နားထောင်ပီး အယ့် သူ့အသံလေးက သြသြလေးနဲ့ ချစ်စရာလေးလို့ တွေးမိတယ်..တကယ်ပြောတာနော်..

မဆုမွန် တပ်ခ်ရေးပေးမယ်နော် ထင်တာ ချစ်တဲ့ယောက်ကျားတွေပုံကို ဗီဒီယိုလုပ်ပေးရမယ်ထင်လို့ ခေါင်းစားနေတာ အခုတင် နှင်းဆီပန်းချစ်တဲ့ကောင်မလေးဆီက ပြန်လာမှ အော် ဒီလိုရေးလို့လဲ ရတာပဲလို့ တွေးမိတယ်

ရေးပေးမယ်နော် ဖြူတုတ်လေး

စည်သူ said...

ပြောလိုက်ချင်ဘူး.. သူလဲဟုတ်ပဲနဲ့ မသိရင်ခက်မယ်ပေါ့

ဟဲဟဲ... ဒီလောက်ဆို မုန့်ဝယ်ကျွေးလို့ရပြီးနော် ဆက်မပြောတော့ဘူး..းP

ခင်မင်စွာဖြင့်
စည်သူ။