Friday, September 25, 2009

Blogging နှင့်စပ်လျဉ်းရွေ့

           

          လွန်ခဲ.တဲ.ရက်အနည်:ငယ်ကအထိ စာရေးဖို့ဆိုတာ ဖြူတုတ်တို့ ခေါင်းထဲမှာတောင် မရှိပါဘူး။ မရေးချင်တာ မဟုတ်ဘူးနော်။ ရေးချင်လိုက်တာမှ တပိုင်းကိုသေလို့။ ဘာကြောင့်လဲဆိုတော့ ဖေဖေနဲ.ဒေါ်လေး အပါအဝင် သူတို့ဘက်ကအမျိုးတွေက စာပေအရမ်းဝါသနာပါကြတယ်။ စာတိုပေစလေးတွေရေးပြီး အမျိုးတွေထဲမှာ သူ့လက်ရာနဲ.ကိုယ့်လက်ရာ အချင်းချင်:လဲလှယ် ဖတ်ရှူဝေဖန်လေ့ရှိကြတယ်။ အဖိုး (ဖေဖေ့ရဲ့အဖေ)ဆိုရင် သူ့ရဲ့ခရီးသွားမှတ်တမ်းလေးတောင် စာအုပ်ထုတ်ဖူးတယ်။ ဦးလေးဝမ်းကွဲ တစ်ယောက်ဆိုရင် မြန်မာပြည်မှာ တော်တော်လူသိများတဲ. စာရေးဆရာလေ။ ဒီပုတ်ထဲက လာမှတော့ ဒီပဲလိုပဲ ဖြစ်ချင်တာပေါ့။ ချွတ်စွတ်မဟုတ်ရင်တောင် အငွေ့အသက်ကလေးတော့ ပါချင်တာပေါ့။ အဲဒါကြောင့် ငယ်ငယ်ကတည်:က စာစီစာကုံးတွေ ရေးရင်းကို့အစွမ်:အစကို စမ်းသပ်ခဲ.ပါတယ်။။ တောက်လျှောက် ဆယ်တန်းအထိပါပဲ။ ဒါပေမယ်. ဖြူတုတ်ရေးလိုက်တိုင်း စိတ်ထဲမှာ တခုခုမပြည့်စုံသလို ခံစားရတယ်။ ကိုယ့်အရေးအသားက နူးနူးညံ့ညံ့ ချောချောမွေ့မွေ့နဲ. ဆွဲဆောင်မှူမရှိနေဘူးဆိုပြီး အားမရဘူး။ ဆယ်တန်းအောင်စာရင်းလဲ ထွက်ရော ကိုယ်သိပ်အဖြစ်မရှိတာ သေချာသွားရော။ မြန်မာစာဘာသာ တစ်ခုတဲပဲ သုံးမှတ်နဲ. ဂုဏ်ထူးကပ်ပြုတ်ခဲ.တယ်လေ။ တော်တော် ဝမ်းနည်:ခဲ.ပါတယ်။ အဲဒီအချိန်ကစပြီး ဖြူတုတ်လည်:ပဲ ကိုယ့်talentကတော့ စာရေးရာမှာ မရှိဘူးဆိုပြီး ဒီလိုပဲ ထားလိုက်ပါတော့တယ်။ ကောင်းအောင် ရေးနိုင်လိမ့်မယ်ဆိုတဲ. ယုံကြည်ချက်လည်: မရှိတော့ပါဘူး။ ကိုယ့်စာဖတ်သူကိုလည်း အချိန်ကုန် မျက်စိညောင်: မဖြစ်စေချင်ဘူးလေ။ သူများ ကောင်:ကောင်:ရေးတာလေးတွေပဲ ဖတ်တော့မယ်ပေါ့။ မေ့မေ့ပျောက်ပျောက် ပါပဲ။ ပြီးတော့ ကိုယ်သွားတဲ. လိုင်းကလဲ Lab Report ဖန်တရာတေအောင်ပဲ ရေးရတဲ. Research ဆိုတော့...။

              ဟော... အချိန်တွေ ကုန်မှန်းမသိ ကုန်သွားရင်း BLOG ခေတ်ကြီးကို ရောက်လာပါတယ်။ BLOGရောဂါပိုးက ဖြူတုတ်ဆီကို တော်တော်နဲ. မကူးစက်လာဘူး။ ကိုယ့် Gtalk၊ ကိုယ့်Facebook၊ ကိုယ့်Scrabbleနဲ.ကိုယ် အလုပ်ရှုပ်နေတုန်းပါ။ ဒေါ်လေးကတော့ အဲဒီအချိန်မှာ နေ့မနားညမအားနဲ. BLOGရောဂါပိုး ကြွမ်းနေပါပြီ။ သူ့ဆီကနေ တနေ့တနေ့ ကိုပေါကတော့ ဘယ်လို Controversial Issue တင်လိုက်ပြန်ပြီ၊ မိုးချိုသင်းကတော့ ဘယ်လိုPostလေးနဲ.ဟာသလေးနှောလိုက်ပြန်ပြီ၊ နိုင်းနိုင်းစနေရဲ့ ဘယ်ဘာသာပြန်လေးကဖြင့် ရင်ကိုနင့်သွားစေတယ်၊ ရွာသားလေးရဲ့ ဘယ်ကဗျာလေးကတော့ ဘယ်လိုနုလို့ စသဖြင့် နေ့စဉ်ရက်ဆက်ကြား ကြားနေရပါတယ်။ ကြားရဖန်များလာတော့ ဖြူတုတ်လည်:ပဲ ကဲ... ကိုယ်လဲခေတ်နောက်ကျလို့ မဖြစ်တော့ဘူးဆိုပြီး Scrabble ချိန်ကိုနှုတ်၍ BLOG လည်သူဘဝကို ချဉ်းနင်းဝင်ရောက်ခဲ.ပါတယ်။


            Blog လည်သက်လေးရင့်လာတော့ သူများတွေ ကိုယ်စီကိုယ်ငှ BLOGတွေ ပိုင်နေကြသလို ဖြူတုတ်လဲ ကိုယ်ပိုင်တစ်ခုတော့ ရှိချင်လာတယ်။ (အပြိုင်အဆိုင် စိတ်ဓာတ်လေးလေ) ရှိပြီးရင်ရော ဘာလုပ်မှာလဲ? ဟုတ်ပြီ... သူငယ်ချင်းတွေဆီက ရလာတဲ. Forwardနဲ့ကိုယ်ဖတ်မိတဲ့ ကောင်းနိုးရာရာလေးတွေ စုမယ်။ ကိုယ့်စိတ်ကူးအတိုင်း တခုပြီးတခု ဖြစ်မြောက်လာတဲ.အခါမှာ အတွေးတစ်ခုထပ်ဝင်လာပြန်တယ်။ အဲဒါကတော့ ကိုယ်လဲ သူများလို ကိုယ်တိုင် ရေးပြီးတင်နိုင်ရင် သိပ်ကောင်းမှာပဲ ဆိုတဲ.အတွေးလေ။ အလည်တွေ သွားသွားပြီး သူများရေးထားတာလေးတွေကို သွားရည်ယိုရုံနဲ.အားမရ... ကိုယ်ပါလက်တည်.စမ်းချင်လာတာ။ ဪ...စိတ်များ အပြောင်းအလဲက အတော်ရှိတာကိုး။ သူတို့ရဲ့ အနုပညာမြောက်တဲ့ လက်ရာလေးတွေက motivate အရမ်းဖြစ်စေတာလဲပါတယ်။ OK... ရေးတာကတော့ ဟုတ်ပါပြီ။ ဘာကိုအခြေခံပြီးတော့ ဘာကိုရေးမှာလဲပေါ့။ အဲဒီလိုစဉ်းစားမိတော့ နည်းယူရအောင်ဆိုပြီး BLOGတကာကို အကြမ်းဖျင်းလေး ချေဦးလှည့်ဖြစ်ပါတယ်။ ဒီတခါမှာတော့ အားငယ်သလို ပြန်ဖြစ်သွားရပါတယ်...ဖြူတုတ်တော့ သူတို့တွေလို စီကာပတ်ကုံး ဘယ်လိုမှရေးတတ်မှာ မဟုတ်ဘူးပေါ့... စာဖတ်သူရဲ. မေတ္တ္တ္တာကိုတလုံးတဝခံရရုံပဲ ရှိမယ်ပေါ့။ ကိုယ်ကလည်:Sensitiveက ဖြစ်တတ်ပါဘိသနဲ.။ နောက်ဆုံးမှာတော့ ... 'ချည်တုံချတုံ ဖြစ်နေလို့တော့ အလကားပဲ။ စမ်းကြည့်မှသိမှာပေါ့' ဆိုတဲ. ဒေါ်လေးရဲ.စကားကြောင့်...စာဖတ်သူရဲ့ မေတ္တ္တ္တာ (သို့မဟုတ်) ပေးရာကိုခံယူဖို့အတွက် ဖြူတုတ်တစ်ယောက်တော့ Blogစာမျက်နှာပေါ်ကို စိုးရွံ့ရဲဝံ့စွာ ရောက်ရှိလို့လာပါပြီ။ ရှောင်လော့ရှားလော့... အဲယောင်လို့ ... အားပေးဝေဖန်ကြပါလို့။ တော်သေးပြီ။


ကျေးဇူးတင်ပါတယ်။

ဖြူတုတ်လေး


မှတ်ချက်။ ။ဖြူတုတ်လေ့လာဆဲမို့ စာစီမညီညာမှုကို သည်းခံပေးပါ။

4 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ဗျာ..

ဆက်လုပ် လို့ပဲ ပြောပါရစေ။

ဆယ်တန်းတုန်းက သုံးမှတ်လိုသွားတာ ဆရာမပေးလို့ မရခဲ့တာ ရယ်..ဟိ..ဟိ..

အားပေးနေမယ်..

ခင်မင်စွာဖြင့်
ကိုမျိုး

ကိုလူထွေး said...

သုံးမှတ်ကပ်ပြုတ်တာ အများကြီး မဟုတ်ပါဘူး...
အဲဒီသုံးမှတ် ကိုလူထွေး ပြန်ပြီး စုပေးမယ်...

းဝ)

(လင့်ခ်ထားလိုက်မယ်ဗျာ)

ရွှေရတုမှတ်တမ်း said...

သဘောချင်းနှောလိုက်လေဖြူတုတ်ရေ
ဘဘတို့ကတော့သုံးဆယ်လောက်နဲ့ကပ်ပြုတ်တာ

ကြည်ဖြူပိုင် said...

စာအရေးသားလေးတအားညက်တယ်။
ဒါကြောင့်လဲဂုဏ်ထူးမှတ်ကိုကပ်ပြုတ်တာနေမယ်။
တော်တော်ကြီးကို
စာရေးကောင်းတဲ့အထဲမှာပါတယ်။
ဆက်လက်အားပေးနေပါတယ်