Sunday, September 27, 2009

ထွန်းထွန်းသို့ပေးစာ



ဒီနေ့ စနေနေ့ဆိုတော့ ထုံးစံအတိုင်း သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်ပြီး Lunchစားဖို့ Schedule ဆွဲထားပါတယ်။ မိုးလေဝသကတော့ ညနေမှာ မိုးဖွဲဖွဲရွာနိုင်တယ်လို့ ခန့်မှန်းထားတာပဲ။ မပြင်ဆင်ခင် အပြင်ကကောင်းကင်ကို လှမ်းကြည့်လိုက်တော့ တိမ်တွေညိုမဲပြီး မိုးအုံ့အုံ့ဖြစ် ရုံတင်မက မိုးပို့တဲ့ လေကပါ ခပ်ပြင်းပြင်းတိုက်နေတာကို သိလိုက်ရတယ်။ သေချာတာကတော့ ဒီမိုးဟာ ညနေအထိ မစောင့်တော့ဘူး။ ဒါနဲ့ ဖြူတုတ်လည်: အိမ်ထဲမှာပဲ ကွေးချင်စိတ် ပိုများသွားပြီး သူငယ်ချင်းကို မသွားဖြစ်တော့ဘူးလို့ ဖုန်းလှမ်းဆက်လိုက်တယ်။ သူငယ်ချင်းကတော့ အပြင်ထွက်မှာမို့ နေ့လယ်စာ ဘာမှချက်မထားဘူးဆိုပြီး ကွိစိကွစိတော့ နဲနဲလုပ်ချင်တယ်။ ချော့မော့ပြောနေတုန်းမှာပဲ သူ Takeoutမှာလိုက်တော့မယ်ဆိုပြီး ဖုန်းချသွားတယ်။ ကဲနားအေးသွားပြီ။ ဖြူတုတ်ကတော့ ပျော်တယ်။ ဘာကြောင့်လဲသိလား? ဖြူတုတ်အတွက် No Shopping ရဲ့ Trade Off သည် Blog ပေါ်ကို အသစ်တင်နိုင်ဖို့အတွက် စာရေးခြင်းလေ။ ဖြူတုတ်ရဲ့ အဖိုးတန်တဲ့ အားလပ်ချိန်လေးကို စာလေးရေးရင်းနဲ့ ကုန်ဆုံးစေမယ်ပေါ့။ (ဖြူတုတ်တို့များ စာလေးတစ်ပုဒ် ခြောက်တီးခြောက်ချက် ရေးပြီးခါစ ရှိသေးတယ် လေကတော့ ခပ်ကြီးကြီးပဲ) ဒါတောင်နော် ကိုယ့်ကိုကိုယ် တစက်မှ မရေးတတ်ဘူးလို့ ခံယူထားတဲ့သူ။ နို့မဟုတ်ရင်တော့ ... စာဖတ်သူရေ... ထားလိုက်ပါတော့လေ။ Whoppers ဘူး တစ်ဝက်လောက် ဝါးပြီးသွားချိန်မှာတော့ EUREKA (စိတ်ထဲက အော်တာပါ, အာခီမီးဒီးလိုလဲ စည်ပိုင်းထဲမှာရှိမနေပါဘူး)ဆိုပြီး ထခုန်လုနီးပါး ပျော်သွားပါတယ်။ ကုန်ကြမ်းရသွားပြီလေ။ ခေါင်းစဉ်က 'ထွန်းထွန်းသို့ပေးစာ'တဲ့။ ဟုတ်တယ်၊ ဟုတ်တယ် အခုခေတ်မှာ လူသိများနေတဲ့ ထွန်းထွန်း(Examplez) ကိုပြောတာ။ဒီခေါင်းစဉ်ကြောင့် ဖြူတုတ်ကိုတော့ ဆယ်ကျော်သက်လေးလို့မထင်လိုက်ကြပါနဲ့။ ဖြူတုတ် လူ့လောကကြီးထဲ ရောက်လာတာ decades နှစ်ခုကို တော်တော်ကျော်နေပါပြီ။ တချိန်တည်:မှာပဲ ဖြူတုတ် စဉ်းစားမိတာက ဆယ်ကျော်သက်တုန်းကတောင် ကလေးကလားဆန်တယ်ဆိုပြီး မင်းသားဆီစာရေးတဲ့ သူငယ်ချင်းတွေကို တားမြစ်ခဲ့တာ။ မင်းသားတွေက ဖတ်မှာမှမဟုတ်ဘူး၊ နင်တို့စာကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် ထင်မှာမဟုတ်ဘူး ဆိုပြီးအာချောင်ခဲ့တာ။ အလုပ်တစ်ခုလုပ်ရင် အရာထင်မှလေ ဆိုပြီးလျှာရှည်ခဲ့တာ။ အဲဒီတုန်းက Physics မှာ Work Done သင်ထားကာစဆိုတော့ အဲဒီ Theory လေးတောင် ကိုးကားလိုက်သေးတယ်။ ကိုယ်ကရေးပြီး သူတို့ကဖတ်မှ Work Done ပေါ့။ နို့မဟုတ်ရင် နင်တို့အချိန် နဲ့စက္ကူ အလကားဖြစ်ရုံပဲပေါ့။ အမယ်လေး အဲဒီတုန်းက ကိုယ်ကသူတို့ထက် အပြန်တရာအသက်ကြီးတဲ့ လေသံနဲ့။ သူတို့ကတော့  ဖြူတုတ်ကို လူတွင်ကြယ်လေသံ နဲ့ဆိုပြီးတော့ မြက်စောင်းတစ်ချက် ရှဲခနဲခဲပြီး တခြားအကြောင်းကို စကားလွှဲသွားကြတယ်။ မှန်မှန်ဝန်ခံရရင် ဆယ်ကျော်သက်တုန်းကတော့ သူများလုပ်တိုင်း လိုက်လုပ်တဲ့သူ မဖြစ်ချင်ဘူးဆိုပြီး ဘာမှမဟုတ်တဲ့မာန ထားခဲ့ယုံသက်သက်လောက်ပါပဲ။ အခြောက်တိုက် ဘဝင်မြင့်တယ်ပဲ ဆိုရမလား။ (ကိုယ့်ကိုယ်ကို ဒီလိုအမွှန်းတင်ရတာ တမျိုးကြီးပဲ) အဲဒီလိုလုပ်ခဲ့တဲ့သူက အခု နှစ်ဆယ်ကျော် သုံးဆယ်နားနီးမှ ထွန်းထွန်းဆီကို စာရေးပြီး ဘာအရူးထချင်ရတာတုန်း မေး ရင်…။

Friday, September 25, 2009

Blogging နှင့်စပ်လျဉ်းရွေ့

           

          လွန်ခဲ.တဲ.ရက်အနည်:ငယ်ကအထိ စာရေးဖို့ဆိုတာ ဖြူတုတ်တို့ ခေါင်းထဲမှာတောင် မရှိပါဘူး။ မရေးချင်တာ မဟုတ်ဘူးနော်။ ရေးချင်လိုက်တာမှ တပိုင်းကိုသေလို့။ ဘာကြောင့်လဲဆိုတော့ ဖေဖေနဲ.ဒေါ်လေး အပါအဝင် သူတို့ဘက်ကအမျိုးတွေက စာပေအရမ်းဝါသနာပါကြတယ်။ စာတိုပေစလေးတွေရေးပြီး အမျိုးတွေထဲမှာ သူ့လက်ရာနဲ.ကိုယ့်လက်ရာ အချင်းချင်:လဲလှယ် ဖတ်ရှူဝေဖန်လေ့ရှိကြတယ်။ အဖိုး (ဖေဖေ့ရဲ့အဖေ)ဆိုရင် သူ့ရဲ့ခရီးသွားမှတ်တမ်းလေးတောင် စာအုပ်ထုတ်ဖူးတယ်။ ဦးလေးဝမ်းကွဲ တစ်ယောက်ဆိုရင် မြန်မာပြည်မှာ တော်တော်လူသိများတဲ. စာရေးဆရာလေ။ ဒီပုတ်ထဲက လာမှတော့ ဒီပဲလိုပဲ ဖြစ်ချင်တာပေါ့။ ချွတ်စွတ်မဟုတ်ရင်တောင် အငွေ့အသက်ကလေးတော့ ပါချင်တာပေါ့။ အဲဒါကြောင့် ငယ်ငယ်ကတည်:က စာစီစာကုံးတွေ ရေးရင်းကို့အစွမ်:အစကို စမ်းသပ်ခဲ.ပါတယ်။။ တောက်လျှောက် ဆယ်တန်းအထိပါပဲ။ ဒါပေမယ်. ဖြူတုတ်ရေးလိုက်တိုင်း စိတ်ထဲမှာ တခုခုမပြည့်စုံသလို ခံစားရတယ်။ ကိုယ့်အရေးအသားက နူးနူးညံ့ညံ့ ချောချောမွေ့မွေ့နဲ. ဆွဲဆောင်မှူမရှိနေဘူးဆိုပြီး အားမရဘူး။ ဆယ်တန်းအောင်စာရင်းလဲ ထွက်ရော ကိုယ်သိပ်အဖြစ်မရှိတာ သေချာသွားရော။ မြန်မာစာဘာသာ တစ်ခုတဲပဲ သုံးမှတ်နဲ. ဂုဏ်ထူးကပ်ပြုတ်ခဲ.တယ်လေ။ တော်တော် ဝမ်းနည်:ခဲ.ပါတယ်။ အဲဒီအချိန်ကစပြီး ဖြူတုတ်လည်:ပဲ ကိုယ့်talentကတော့ စာရေးရာမှာ မရှိဘူးဆိုပြီး ဒီလိုပဲ ထားလိုက်ပါတော့တယ်။ ကောင်းအောင် ရေးနိုင်လိမ့်မယ်ဆိုတဲ. ယုံကြည်ချက်လည်: မရှိတော့ပါဘူး။ ကိုယ့်စာဖတ်သူကိုလည်း အချိန်ကုန် မျက်စိညောင်: မဖြစ်စေချင်ဘူးလေ။ သူများ ကောင်:ကောင်:ရေးတာလေးတွေပဲ ဖတ်တော့မယ်ပေါ့။ မေ့မေ့ပျောက်ပျောက် ပါပဲ။ ပြီးတော့ ကိုယ်သွားတဲ. လိုင်းကလဲ Lab Report ဖန်တရာတေအောင်ပဲ ရေးရတဲ. Research ဆိုတော့...။

Tuesday, September 22, 2009

ငါအခုမှသိတယ်...ငါတော်တော်ခေတ်နောက်ကျပါလား။



ဒါလေးကတော့ Electrical Engineer သူငယ်ချင်း တစ်ယောက်ရဲ့ ညည်းချင်းလေးပါ။ သဘောကျမိလို့ သူ့ကိုခွင့်တောင်းပြီး Originalအတိုင်း တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးရင်တော့ ...  ဖြူတုတ်၊ မင်းကရောကွာလို့ မေးချင်လာကြ ပါလိမ့်မယ်။ အဖြေကို အောက်ဆုံးမှာ ရှူစားပါလို့။

Dude, I just realize that I’m so outdated…What about you?

While I’m still using Windows XP, the Windows 7 is here, I didn’t even know how Windows Vista screen looks like. It reminds the story of Windows ME…


When I’m still using Pentium 4 CPU and struggling if I should upgrade to Dual Core, the Core 2 and Quad Core CPUs are going to be replaced by i7. Today, for the first time, I heard that there was a Pentium D in between…



အများစုသောအပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ

ဖြူတုတ်ရေးတာမဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်က FORWARD လုပ်လိုက်တာပါပဲ။ ဖတ်ပြီး DELETE လုပ်လိုက်မဲ.အစား သူငယ်ချင်းတို့ မဖတ်ရသေးရင် ဖတ်ပြီး ရီပြုံးသွားနိုင်အောင် တင်ပေးလိုက်ပါတယ်။ အမလေး... ၈၈ ချက်ကြီးများတောင်ပါလား။

အများစုသောအပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ

၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။

၂။ ဇီဇာကြောင်တတ်သည်။

၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။

၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။

၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။

၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။

ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုးရွေးရခက်နေတတ်သည်။

ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။

၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။

၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။



Wednesday, September 16, 2009

ဒီကျောင်းသားနာမည်ကိုသိပါသလား ?

A friend of mine forwarded this interesting questions and answers to me. I enjoyed reading it so much that I am sharing with you all. I hope that you all will enjoy reading it. :)


One day, a professor of a university decided to defy his pupils.
တစ်ရက်မှာ တက္ကသိုလ်ဆရာတစ်ယောက်က သူ့တပည့်တွေကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။


He asked: Did God create everything that exists?

ဆရာကမေးတယ် "တည်ရှိမှု့တွေအားလုံးကို ဘုရားသခင်က ဖန်တီးတာလား၊ "


A student answered bravely: "Yes, He did."


တပည့်တွေက ရဲရင့်စွာနဲ့ပြန်ဖြေတယ် " ဟုတ်တယ် "


Everything? asked the teacher.

ဆရာကထပ်မေးတယ်။ " အားလုံး "


Love Medicine