Monday, October 26, 2009

Chocolate လေးက ပြောတဲ့အသက်





ဒီတခါလည်း ပေါ့ပေါ့ပါးပါးလေး တစ်ခုပါပဲ။ သမ္ဘာရင့် Blogger ညီအစ်ကို မောင်နှမများရဲ့ စကားကိုငှါးသုံးရမယ် ဆိုရင်တော့ ဖြူတုတ် ဆားချက်လိုက်တယ်လို့ ဆိုရမလားပဲ။ ဖြူတုတ်ရဲ့ Blogသက်က ငယ်လွန်းတော့ ဆားတောင်တူးအောင် ချက်အုံးမလား မပြောတတ်ပါဘူး။ စာဖတ်သူရဲ့ လက်ထဲကို ဝကွက်အပ်လိုက်ပါပြီ။ မငံရင်တောင် မခါးဘူးလို့မျှော်လင့်ရတာပါပဲ။

ဖြူတုတ်အခု မျှဝေချင်တာကတော့ လူတစ်ယောက်ရဲ့အသက်ကို ချောကလက်ဘယ်လောက် ကြိုက်သလဲဆိုတာအပေါ်မှာ မူတည်ပြီး ခန့်မှန်းခြင်းပါ။ အဆိုကတော့ သူများတွေကိုသာ အသက်လိမ်လို့ရမယ်၊ Mr.Hersheyကိုတော့ လိမ်လို့မရဘူးတဲ့။ တယ်ဆိုတဲ့ စာပါလား။ ကြည့်ရတာကတော့ အသက်အမှန် မပြောချင်တဲ့သူများကို လှည့်စားချင်တဲ့ သဘောလားမသိ။ ဖြူတုတ်တော့ စိတ်ဝင်စားမိတာ အမှန်ပဲ။ တချိန်တည်းမှာပဲ စဉ်းစားမိတာက ဘယ်လောက် တိကျနိုင်မှာလဲနော်။ မဖြစ်နိုင်ဘူးပေါ့။ မယုံကြည်သူများ (ဖြူတုတ်အပါအဝင်) စမ်းကြည့်လို့ရအောင် Formula လေးကို အောက်မှာ ရေးပေးထားပါတယ်။ ဖြူတုတ်နဲ့ အတူတူ စမ်းကြည့်ရအောင်။ စိတ်အရမ်း မလောနဲ့တဲ့၊ တစ်မိနစ်လောက်ပဲ ကြာတာပါတဲ့၊ cheat လဲမလုပ်ရဘူးတဲ့ (ပို့ပေးတဲ့ သူငယ်ချင်းက ပြောတယ်)။ အိုး... ဒါလောက်ကတော့ ဖြူတုတ်တို့က လိုက်နာနိုင်ပါတယ်။ 'မ'တိကျ (ဒေါ်တိကျလဲ ဖြစ်လို့ရနေပါပြီ)လို့တောင် နာမည်တွင်သေးတာပဲ။ ပြောနေတာကြာပါတယ်။ နံပါတ်စဉ်အတိုင်း ဖြည်းဖြည်းမှန်မှန် တစ်ဆင့်ခြင်း လိုက်နာကြည့်ကြရအောင်။ အောက်ဆုံးကိုကျော်ပြီး ကြိုမကြည့်ကြေးနော်... ok... ready လား? စကြစို့ရဲ့။


၁။ သင်... တစ်ပါတ်မှာ ချောကလက် ဘယ်နှကြိမ် စားသုံးချင်ပါသလဲ။ (တစ်ကြိမ်အနည်းဆုံးဖြစ်ပြီး ဆယ်ကြိမ်ထက် နဲရပါမယ်။)

၂။ ပိုလေးနက်သွားအောင် စားချင်တဲ့အကြိမ်ပေါင်းကို ၂နဲ့မြှောက်လိုက်။

၃။ ၅ထပ်ပေါင်း လိုက်ရအောင်။
  
၎။ ရလာတဲ့ အဖြေကို ၅၀နဲ့ ထပ်မြှောက်အုံးတဲ့။ (Calculator သွားယူလိုက်ဖို့ ပြောလိုက်သေးတယ်။ မလိုပါဘူး။ ဒါလောက်တော့ Piece of Cake!)


၅။ ဒီနှစ်မှာ မွေးနေ့ပြီးသွားပြီဆိုရင် ၁၇၅၉ ပေါင်းလိုက်ပါ။ မပြီးသေးရင်တော့ ၁၇၅၈ ပါ။


၆။ ကဲ... သင်မွေးတဲ့ခုနှစ် (အင်္ဂလိပ်နှစ်)ကို နှုတ်လိုက်ပါ။

၇။ သင့်မှာ ဂဏန်းသုံးလုံး ရလာပါလိမ့်မယ်။ ပထမဂဏန်းကတော့ သင်ချောကလက်စားချင်တဲ့ အကြိမ်ပေါင်းပေါ့။ ထာထာ ('ချန်ချန်' ကိုရီးယန်းလို) ... နောက်ဂဏန်းနှစ်လုံးကတော့ သင့်ရဲ့ အသက် မှန်လေ။

ဖြူတုတ်တော့ အဖြေမှန်ထွက်တယ်။ ဆိုတော့ စာဖတ်သူရေ... ဘယ်လိုသဘောရလဲ။ အခုလောက်ဆို အကုန်လုံးက ဒီလှည့်ကွက်ကို သဘောပေါက်ပြီး ပြုံးနေကြလောက်ရောပေါ့။ ဖြူတုတ်ကတော့ နဲနဲနှေး တဲ့သူဆိုတော့ ဒီFormula ကို Develop လုပ်ရာမှာ ဘယ်လို Manipulate လုပ်ထားတယ်ဆိုတာ အဆင့်၆ ရောက်မှ သဘောပေါက်သွားတယ်။ ဒါလေးဟာ Algebra ကို လှည့်ကွက်ကလေးသုံးထားတယ် ဆိုပေမဲ့ ဒီလိုလုပ်ဖို့ Idea ရလာတဲ့သူကို ဖြူတုတ် လေးစားမိတာတော့ ဝန်ခံပါတယ်။ Mathကို စိတ်ဝင်စားသူတို့အတွက် ဖြူတုတ်ရဲ့တွေ့ရှိချက်ကို ရေးပြမလို့ပါပဲ။ ရေးရမှာနဲနဲရှည်နေတာနဲ့ အပျင်းတို့ ထုံးစံအတိုင်း ကိုယ့်ထက် ဝီရိယကောင်းသူများ ရှိလေမလားလို့ Googleလိုက်ရာမှာ ဒီSITE ကလေးကို တွေ့ပါတယ်။ သူတင်ပြထားပုံက တိကျ သေသပ်ပါတယ်။ စိတ်ဝင်စားရင် သွားလည်ကြည့်နော်။ 

ဖြူတုတ်မှာ မေးခွန်းတစ်ခုတော့ ရှိသေးတယ်။ ဒီ Formula ဟာ အသက် ၉၉နှစ်အထိပဲ Valid ဖြစ်တယ်။ အသက်၁၀၀ရှိသူအတွက် မမှန်တော့ဘူး။ လောလောဆယ် ဖြူတုတ်စဉ်းစာမိတာကတော့ ချောကလက်စားကြိမ်ပေါင်းကို ကန့်သတ်ထားလိုများလားမသိ။ သိတဲ့သူရှိရင် ဖြူတုတ်ကိုပြောနော်။

မှတ်ချက်။ ။ ဒီPostကို တင်ထားပြီးသူရှိခဲ့ရင် ဖြူတုတ်ကိုစိတ်မရှိပါနဲ့။ ဒါလေးကို သဘောကျတဲ့အတွက်  သိမ်းထားချင်လို့ပါ။ နှစ်ခါထပ်ဖတ်တော့ နှစ်ခါ Fun ပေါ့။ ဟုတ်ဖူးလား?

ပေးပို့သူ: Meyliana Hu

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

14 comments:

ဂျစ်တူး ( မုံရွာ ) said...

ငံလည်းမငံဘူး တူးလည်းမတူးပါဘူးဟ ညီးချက်တာ ကောင်းပါတယ် ဆက်ချက် ဆက်ချက်

စည်သူ said...

ဟေ.. ဖြူဖြူတုတ်တုတ် လေးရေ..

ပေါင်းနှုတ် မြောက် စား လုပ်လိုက်တာလေ

ငါးရာနှစ်ဆယ့်ရှစ် ရတယ် ဖြူဖြူတုတ်တုတ်ရေ..

ဟုတ်လှချေလား..

ဖြူဖြူတုတ်တုတ်လေးက အဖြေရသွားတယ်
ကျွန်တော်က မရဘူး..

ရွှေရတုမှတ်တမ်း said...

တော်ရှာပါတယ်..အေရယ်..
တော်ရှာပါတယ်....

ခရေညို said...

ဖြူတုတ်ရေ အမလည်းတွတ်ကြည့် အသက် အမှန်ရတယ် ။ တွတ်ကြည့်ပြီးပြုံးသွားတယ်
တော်တော် လှည့်စားတတ်တာပဲ

မဆုမွန် said...

မဆုမွန်က ချောကလက် မကြိုက်ဘူး...ချစ်သူပေးရင်တော့စားတယ် ဟိဟိ တပ်ခ် ပို့စ်လေး တင်ပီးပြီနော် ညီမလေး..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

Chocolate လေးက ပြောတဲ့ အသက်ကတော့ ကွက်တိပါပဲ..ဟိ..ဟိ.. Calculator တော့ ကူလိုက်ရတယ်... တစ်ခုချင်း အသေးစိတ်ဖတ်ပြီးတော့ စိတ်ဝင်စားလို့ လုပ်လိုက်တာ ပြီးတော့မှ သတိထားမိတော့တယ်....


ခင်မင်စွာဖြင့်
ကိုမျိုး

သိင်္ဂါကျော် said...

ချောကလက် မကြိုက်လို့ တစ်ပတ်မှာ တစ်ကြိမ်မှကို မစားချင်ပါဘူး။ ဘယ်လို လုပ်ရမလဲ ဟင် :P

သူကြီးမင်း (တုံးဖလား) said...

ချောကလက်ဆို အရမ်းကြိုက်။ များများကြိုက်ရင် များများအသက်ကြီးမှာပေါ့။ ဟုတ်သေးပါဘူး။ ကြိုက်တာ နဲနဲလျော့လိုက်ဦးမယ်။ အသက် ပိုငယ်သွားအောင်။

တောင်ပေါ်သား said...

း) ကျနော်ကတော့ calculator လေးနဲ့ တွက်တာ ကွက်တိပဲး) ဒေါ်ဖြူတုတ် တော်၏ ( မြှောက်ပြောတာ ) အဟေးဟေးး

လေးစားလျက်
တောင်ပေါ်သား

Rita said...

ချောကလက် လုံးဝ မကြိုက်
:)

ahphyulay said...

ကျွန်တော်ကတော့ ချောကလက်မဟုတ်၊ကော်ဖီမှကော်ဖီ။
အသက်ကိုမတွက်၊မွေးနေ့ ကိုမတွက်၊ပြန်ထွက်ရတော့ မဲ့ နေ့ ကိုပဲအမြဲမျှော်မိတယ်။

kiki said...

တနှစ်မှာမှ တကြိမ်လောက်စားချင်စိတ်ပေါ်တဲ့သူအတွက်ရော..
၁ /၃၆၅ နဲ့ ထဲ့ပေါင်းရမှာလား ။။ ကယ်ပါဦး ဖြူတုတ်လေးရေ ...

ကိုလူထွေး said...

chocolate လည်း စားချင်တယ်

piece of cake လည်းစားချင်တယ်...

သင်္ချာတော့ မတွက်ချင်ဘူး... ပျင်းတယ်...

ကိုလူထွေးက အသက် ၁၀၀ ကျော်နေတော့ တွက်ကြည့်လည်း အဖြေမှန်မှမရနိုင်တာနော်...

းဝ)

ညီညီ said...

တွက်ကြည့်တယ်ဗျ. အဖြေမထွက်ဘူးဗျ.။ ကျွန်တော်ရဲ့ ချောကလက် စားတဲ့ရာနှုန်းက 0% ဖြစ်နေပါ။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)