Thursday, February 2, 2023

In memory of Phi

 Phi, that’s the nick name I gave you, Sophia after being close friends for a few years. I didn’t feel close enough just by calling you Sophia and wanted to feel closer and that’s how I came up with ‘Phi’. You weren’t that comfortable being called ‘Phi’ at first but I kept calling and you just made peace with it. You were my very first friend in USA and you were the first friend to visit my place and meet my dear aunt, Wa Wa. I wanted you to call her Aunty Wa but you kept calling Aunt Wa Wa. After a few times of fixing it, I finally gave up. I guess I was just being Asianized. To me, calling Aunty Wa sounded friendlier and warmer. That could be the cultural difference. I grew up in Asian culture while you grew up in western one. Our friendship grew over the period and in 2009, you pulled a string from this introverted girl and asked me to drive to Washington DC from Philadelphia. My very first road trip with a much needed freedom! I never drove any long distance without the supervision of my aunt. I finally did and enjoyed it to my fullest. We got asked out by two guys whom we weren’t much into. We politely said no.  To me, it was more like not knowing how to react! 2009 was our Duo year and we did so many fun things together, shopping, sleep over and visiting places like long wood garden. I remember you got yourself a professional camera and I was your model despite my shyness in front of a camera. You were into photographing those days. I don’t know why but we didn’t hang out much in 2010 and after but we kept in touch. You went back to Ghana in 2011 and we stayed in touch via Gmail. We exchanged long emails in 2012. I then went back to Myanmar in late 2012 and we tried to stay in touch via viber.  With a poor internet connection in Ghana and Myanmar, we were on and off. As long as I could remember, I tried not to miss wishing you on your birthdays, Thanksgiving, Christmas and New Year. In 2015, you sent me a Gmail sharing good news about you getting into a PhD program with a scholarship. Starting in 2018, our communication channels became Instagram and Whatsapp. Our communication became more frequent as you nearly completed your PhD program and I started a new hobby, running. You were so supportive about my running and we exchanged so much in 2018, 2019 and 2020. Then Covid 19 came and we shared some tips on fighting against Covid 19. We both decided to not take any vaccine for its side effects. After Dec 2021, you were MIA for nearly a year which is not uncommon about you. You too were introverted in your own way and I tried to give space by not bombarding you with sending messages. Besides, I too have my own stress with the political change in Myanmar and so much ongoing distress. In the Nov of 2022, you suddenly popped up in Whatsapp and I was pleasantly surprised. This time, I’ve become more appreciative of your friendship. I don’t know why. May be, I have a very little close friends circle or increasing digits on my biological clock? You wanted to start jogging in 2023 and I was giving you nutrition tips, run walk tips and encouragement. Starting on the 5th of Dec, you stopped reading my messages though they were delivered. This was a season of holiday and I thought you went back to Ghana to reunite with your family. I wished you on Christmas but my message was not delivered. Again on New Year, it was not delivered. I checked on you again on the 21st Jan, not delivered. It’s a typical of you and to be concerned of your health was the least on my mind. Just yesterday, your friend, Catherine whom we met in 2018 in DC called me via messenger and your death was the least thing I expected to hear from her. I was in shock and complete denial, Phi. What about our plan of meeting in the Summer of 2023? You didn’t give me a chance to show how much your friendship was treasured! It is so unfair you were taken away from us! You are still so very alive in my mind. Your passing has alerted me to stay in touch with a few friends I have and I promise you, I will. You are my forever BFF and May you find peace in heaven and watch over us!

2009 in DC

My Bday in early Jan 2009

A visit to Six Flags in 2009

Goofing around before an Xmas Party

 

Saturday, March 24, 2012

Weird looking Shoes!

I was looking for a decent pair of dressy shoes for a friend's wedding and came across with these strange looking ones ... Interestingly enough, someone had already made a purchase and written a review ... I can't help myself but sharing this with you all ... I am a shoe fanatic but never have I thought to witness a pair like it ... Crazy, isn't it? Oh yes, if you are interested, they are available at Bloomingdale's ... (no commercial intended)

Photo Credit: Bloomingdale's

Side View



Giuseppe Zanotti Wedges - Jem

PRICE: $895.00
Front View







Friday, February 11, 2011

အချစ်

ဖြူတုတ်နဲ့ Duet ဆိုနေကျ aungtun1 ရဲ့အကူအညီနဲ့ဆိုထားတာပါ။ နှစ်ယောက်လုံး အသံဝင်ပြီး ပြန်ထွက်ခါစအချိန်မှာဆိုထားတော့ vocalwise တော်တော်လေးကို အားနည်းပါတယ်။ ပန်းလေးတွေကို အမှတ်တရသိမ်းထားချင်လို့ တင်လိုက်တာပါ။ ဖြူတုတ်ရိုက်ထားတာ မဟုတ်ပါဘူး။ Longwood Garden ကိုသွားလည်ရင်းနဲ့ သူငယ်ချင်းရိုက်လာတာကို ယူသုံးထားပါတယ်။

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

Thursday, February 10, 2011

သံယောဇဉ်တစ်မျှင်


သံယောဇဉ်ဆိုတာ.... ယေဘုယျအားဖြင့်တော့ လူတစ်ဦးမှ အခြားလူတစ်ဦးအပေါ် (သို့) ပစ္စည်းတစ်ခုအပေါ် (သို့) သတ္တဝါလေးတစ်ကောင်အပေါ် စသည် စသည်ဖြင့် အချိန်အတိုင်းအတာ တစ်ခုအတွင်း ပေါ်ပေါက်လာတတ်တဲ့ စိတ်ခံစားချက်တစ်ခုလို့ ဖြူတုတ် နားလည်ထားပါတယ်။ ဒီဝေါဟာရလေးနဲ့ ပတ်သက်ပြီး ဖြူတုတ်ရဲ့ဘဝမှာ အမှတ်ရစရာ အဖြစ်အပျက်ကလေးတွေ ရှိခဲ့ပါတယ်။ အခုပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ထူးထွေဆန်းပြားမှုတွေနဲ့ တန်ဆာဆင်ထားတာ မဟုတ်ပေမဲ့ ဒီဝေါဟာရလေးရဲ့ အနက်အဓိပ္ပါယ်ကို ထင်ဟပ်စေတယ်လို့ ပေါ်လွင်စေတယ်လို့ မြင်မိပါတယ်။

လွန်ခဲ့တဲ့ (၁၈)နှစ်ကျော်အချိန်ကာလက ဖြူတုတ်တို့မိသားစုဟာ မြို့နဲ့အလှမ်းဝေးတဲ့ ရပ်ကွက်အသစ်လေးတစ်ခုသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရပ်ကွက်အဖြစ် ရုပ်လုံးပေါ်စဆိုတော့ ရပ်ကွက်အလယ်ပိုင်းမှာသာ ပြောပလောက်အောင် လူနေအိမ်ခြေရှိပြီး ဟိုဖက်အစွန် ဒီဖက်အစွန်မှာကျတော့ အိမ်ခြေမရှိသလောက်ပါပဲ။ ဖြူတုတ်တို့ ပြောင်းလာတဲ့ အပိုင်းက မြို့ထဲနဲ့ပိုနီးတဲ့ ရပ်ကွက်အဝင်ပေါ့။ ဒီရပ်ကွက်ကလေးရဲ့မြေပေါ်မှာ ခြေချချချင်း ဖြူတုတ်တွေးမိတာကတော့ အဂါဂြိုဟ်ပေါ်မှာ အိမ်ဆောက်နေရင် ဒီလိုနေမှာပဲလို့။ ဟုတ်တယ်လေ... အိမ်အဝင်မှာ ကျင်းချိုင့်လေးတွေနဲ့ ပြည့်နှက်နေတဲ့  မြေသားနီနီလမ်းလေးက သက်သေပဲ။ ဗိုလ်ချုပ်လမ်းမကြီးမှ လှမ်းကြည့်လိုက်ရင် ဖြူတုတ်တို့ရဲ့ ဆေးအဖြူသုတ်ထားတဲ့ မီးခိုးရောင်ပြတင်းရွက်လေးတွေနဲ့ အိမ်က ထီးထီးကြီး။ လမ်းမကြီးမှ ဆင်းလာလိုက်ရင် ဖြူတုတ်တို့အိမ်ထိရောက်အောင် အိမ်လေးငါးအိမ်စာလောက် လမ်းလျှောက်ရမယ် ထင်တယ်။ လမ်းထောင့်အိမ်ဖြစ်တော့ အိမ်ရှေ့နဲ့အိမ်ဘေး (လက်ယာ)မှာ လမ်းများရှိပြီး၊ အိမ်နောက်နဲ့အိမ်ဘေး (လက်ဝဲ) ကျပြန်တော့ သူဋ္ဌေးတစ်ဦးရဲ့ ငွေပိုငွေလျှံများနဲ့ ဝိုင်းရံခြင်း ခံထားရပြန်ပါတယ်။ (ရေခဲတောင် အအေးဆိုင်ပိုင်ရှင် သူဋ္ဌေးက ငွေတွေပိုလို့ ဝယ်ထားတဲ့ ခြံတွေပါတဲ့။)  သူဋ္ဌေးရဲ့ခြံထဲမှာ မုံရွာမြို့ရဲ့ ခြံဝင်းတိုင်းလိုလိုမှာရှိတဲ့ တမာပင်တချို့ရှိတဲ့အပြင် လူမနေသောကြောင့် ချုံပုတ်များ၊ အလေ့ကျပေါက် တောရိုင်းပင်များနှင့် ထူထပ်လှပါတယ်။ အဲဒီတော့ လာအစာရှာဆော့ကစားတဲ့ စာကလေးများ၊ ချိုးကလေးများ၊ ဆက်ရက်ကလေးများ၊ တခါတရံ တောကျက်တူရွေးလေး တစ်ကောင်စနှစ်ကောင်စ၊ သျှဥ့်ကလေးများ၊ အခြားသတ္တဝါငယ်ကလေးများနဲ့ သာယာနာပျော်ဖွယ်ဆိုပါစို့။ မွန်းကျပ်ဆူညံလှတဲ့ မြို့ထဲလိုနေရာမျိုးကို မနှစ်သက်တဲ့ ဖေဖေလိုလူအတွက်တော့ ဒီရပ်ကွက်လေးရဲ့ အေးချမ်းဆိတ်ငြိမ်မှူကို ချီးမွမ်းလို့မဆုံးတော့။ အလုပ်နဲ့ပိုနီးသွားလို့ ပိုသဘောကျတာလဲ ပါတာပေါ့။ ဖြူတုတ်တို့ ကလေးတွေအတွက်လည်း နေရာသစ်ဖြစ်ပြီး အမြင်ဆန်းနေတော့ ဘာမှန်းမသိဘဲနဲ့ကို ပျော်နေတာ။ အဲဒီအပျော်များဟာ ညအချိန်လဲရောက်ရော နေလုံးကြီးနဲ့အတူ ပျောက်ကွယ်သွားတယ်ထင်ပ။ ညဥ့်နက် လူခြေတိတ်ချိန်များဆိုရင်... အိမ်မြှောင် နံရံပေါ်မှာ ရှပ်သွားတဲ့အသံတောင် ကြားနိုင်လောက်တဲ့အထိ တိတ်ဆိတ်လှတဲ့ ရပ်ကွက်ကလေး။ ကိုရွှေတောက်တဲ့ကလဲ ဟောလိုက်ရတဲ့ မိုးလေဝသဗေဒင်။ ဆိတ်ငြိမ်တဲ့ညအချိန်မှာ 'အောက်အဲ့' ဆိုတဲ့အသံလောက် စိတ်ကို ခြောက်ခြားစေတာ မရှိဘူး။ ကိုယ့်ကို လာတွယ်ကပ်တော့မှာပဲ ဆိုတဲ့အတွေးနဲ့ အရမ်းကိုကြောက်တာ။ ခွေးကပါအူလိုက်လို့ကတော့ ကိုယ့်ကုတင်ကနေ ညီမလေးရဲ့ ကုတင်ပေါ်ကို Bruce Lee သိုင်းကွက်နင်းပြီး အမြန်ကိုရောက်တာပဲ။ (ဟုတ်တယ် ညီမလေးက ဖြူတုတ်ထက် နှစ်နှစ်သာပိုငယ်တယ်။ သတ္တိကတော့ အပြန်နှစ်ရာလောက် ပိုကောင်းတယ်။ ) ကလေးသာသာဆိုတော့ ဟိုအသံမြည်လည်းကြောက်၊ ဒီအသံကြားလည်းကြောက်နဲ့ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရချိန်တွေ ရှိခဲ့တာ သိပ်တော့မဆန်းပါဘူးလေ။ ဖြူတုတ်အတွက် အထူးစိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုရှိသေးတယ်။ အဲဒါကတော့ မြို့တည်ကာစ ရပ်ကွက်မကျ တောအုပ်မက ဖြစ်ခြင်းရဲ့ အားနည်းချက်တစ်ခု လို့ဆိုရမလားဘဲ... ချိုး၊ ဆက်ရက်အစရှိတဲ့ ငှက်ပစ်သူ ပေါများခြင်းပါပဲ။ ခဲမှန်ထားတဲ့ ငှက်ကလေးများဟာ မကြာခဏဆိုသလို ဖြူတုတ်တို့ရဲ့ လသာဆောင်ပေါ်မှာ လာရောက်ဇီဝိန်ချုပ်ကြရရှာတယ်။ လသာဆောင်ဟာ ဖြူတုတ်တို့ညီအစ်မနှစ်ယောက် စာကျက်တဲ့နေရာနဲ့ တဆက်တည်းဆိုတော့ 'ဘုတ်' ဆိုတဲ့အသံကြားတိုင်း ဒိုင်ခံထကြည့်သူကတော့ ညီမလေးပေါ့။ ဖြူတုတ်ကတော့ ဘာကြောင့်မှန်းမသိ၊ ငှက်ကလေးများ အတုန်းအရုန်း ဖြစ်နေပုံကိုကြည့်ရတာ စိတ်မကောင်း ဖြစ်တဲ့အပြင် အူပါယားတဲ့အတွက် ထွက်မကြည့်ဖြစ်တာ များပါတယ်။  ထွက်ခဲ့ရင်တောင် မျက်နှာကို လက်ဖဝါးနဲ့အုပ်ပြီး လက်ကြားကလေးတွေမှပဲ ကြည့်ရဲပါတယ်။ ဖြူတုတ်မှာ Phobeiaတစ်ခုရှိတယ်။ ခွေးကလေး၊ ကြောင်ကလေးတွေ ကလွဲရင် တခြား အမွှေးအမှင်ပါတဲ့ အကောင်ခပ်သေးသေးများကို မထိရဲမကိုင်ရဲတဲ့ ပြသနာပါပဲ။ (ဖြူတုတ်ကို ရယ်နေကြပြီလား မသိဘူး)

Tuesday, November 3, 2009

Halloween Humour



ဒီက ကလေးတွေ မျှော်လင့်စောင့်စားနေကြသော Oct 31 မှာကျရောက်ခဲ့တဲ့ Halloween ကတော့ပြီးဆုံးသွားပါပြီ။ သူတို့ခမျာမှာတော့ Trick or Treat ဆိုအော်ပြီး အိမ်ပေါက်စေ့လည်လို့ ပျော်လိုက်ရတယ် မထင်ပါဘူး။ Candy တွေလည်း မျှော်လင့်ထားသလောက်မှ ရကြရှာရဲ့လား မသိ။ ဘာဖြစ်လို့လဲလို့ မေးလာရင် 'ပွဲဖျက်တဲ့မိုး' ရယ်လို့ သူတို့ကလေးတွေက ဦးရာလူ တိုင်တည်ကြမည် အမှန်။ မိုးလင်းကတည်းက တအိအိရွာလိုက်တဲ့မိုးဟာ နေဝင်မိုးချုပ်အထိ မရပ်မစဲနိုင်အောင်ပဲ။ အရမ်းကြီးသည်းတာမဟုတ်ပဲ သွားရလာရ အဆင်မပြေရုံ ရွာတဲ့မိုး။ ကလေးတွေကို ထိုင်မရထမရ ဖြစ်စေတဲ့မိုးဆိုရင် ပိုမှန်မယ်ထင်တယ်။ မိုးမင်းကြီးက Candyထွက်တောင်းချင်တဲ့ ကလေးတွေအပေါ် ဘာအငြိုးရှိနေ မှန်းမှ မသိတာနော်။ မိုးမင်းကြီးဆိုလို့လေ ဖြူတုတ်တို့ရဲ့ ကလေးဘဝကို ခဏတောင် ပြန်ပြောင်း သတိရလိုက်မိသေးတယ်။ မုံရွာမှာ သီတင်းကျွတ် ဘုရားကြီးပွဲ ဆင်နွှဲတဲ့အချိန်ဆို မိုးရွာတတ်တယ်လေ။ ဖြူတုတ်တို့က ကလေးပဲရှိသေးတာဆိုတော့ လူကြီးမပါရင် မသွားနိုင်သေးတဲ့ အရွယ်။ အဲဒီတော့ ဖေဖေအလုပ်ပါးတဲ့ စနေ၊ တနင်္ဂနွေထိရောက်အောင် စိတ်ကိုဆွဲဆန့်ပြီး စောင့်ရတာပေါ့။ ကိုယ်သွားမဲ့နေ့မှာမှ မိုးရွာလိုက်ရင် ခဲလေသမျှ သဲရေကျပဲ။ ဆိုတော့ မိုးလေဝသနားထောင်ပြီး မိုးရွာခြေရှိတယ်ဆိုရင် အရှင်ဥပဂုတ္တရုပ်ထုတော်ကို ရေကြိုလောင်းလိုလောင်းနဲ့ ရှုတ်လိုက်တဲ့အလုပ်။ ပြန်ဆက်ရရင် စနေနေ့မှာကျရောက်တဲ့ Halloweenမှာ လွတ်လွတ်လပ်လပ် ပျော်မယ်လို့ အားခဲထားတဲ့ ခမျာရှာတို့မတော့ ဒီမိုးကြောင့် Angelina Jolieထက် ပိုထူပြီးစုတဲ့ နှုတ်ခမ်းပိုင်ရှင်လေးများ ဖြစ်နေတော့မှာပေါ့။ တချိန်တည်းမှာပဲ Costumeဝတ်ရတာ သိပ်ပြီး ဝါသနာမပါတတ်သူ ဖြူတုတ်ကတော့ ဒီနှစ် အိမ်မှာပဲနေပြီး ကလေးတွေ ဝတ်စားလာတာကို ကြည့်မယ်ပေါ့။ (အရင်နှစ်တွေက သာမန်အဝတ်အစားနဲ့ပဲ သွားတော့ အဟားခံရတယ်လေ။ ဒီနှစ်တော့ မရဘူးလို့ ရာဇသံ ထွက်လာလို့။) ဖြစ်ချင်တော့ ကလေးတွေလည်း မလည်နိုင်တော့တဲ့အတွက် ဖြူတုတ်လည်း သိပ်မကြည့်ရဘူးပေါ့။ အဲဒီလိုနဲ့ ခပ်ပျင်းပျင်းအရှိမှာ email ကိုစစ်လိုက်တော့ အဒေါ်လိုခင်တဲ့ 'ကြီးကြီး KAT' ဆီကနေ ပေးပို့လာတဲ့ ဒီ Halloweenဟာသလေးများကို တွေ့တော့တာပါပဲ။ ဖြူတုတ်နှစ်သက်မိလို့ စာဖတ်သူတို့နဲ့ မျှဝေလိုက်ပါတယ်။ တချို့ကာတွန်းလေးတွေဟာ ရယ်စရာသက်သက် ဖြစ်သလို၊ တချို့ကကျတော့ ခေတ်ရဲ့လက်ရှိအခြေအနေကို တစေ့တစောင်း ထင်ဟပ်စေပါတယ်။ ဖြူတုတ်ရဲ့စာကို ဖတ်နေရင်း 'ဟဲ့ နိဒါန်းချီလို့ကို မပြီးနိုင်သေးဘူး' လို့ တွေးနေရင် ဒီမှာပဲ လက်ကို ဘရိတ်အုပ်လိုက်ပါပြီ။ ဟာသလေးတွေကို ခံစားကြည့်ကြပါနော်။

Monday, October 26, 2009

Chocolate လေးက ပြောတဲ့အသက်





ဒီတခါလည်း ပေါ့ပေါ့ပါးပါးလေး တစ်ခုပါပဲ။ သမ္ဘာရင့် Blogger ညီအစ်ကို မောင်နှမများရဲ့ စကားကိုငှါးသုံးရမယ် ဆိုရင်တော့ ဖြူတုတ် ဆားချက်လိုက်တယ်လို့ ဆိုရမလားပဲ။ ဖြူတုတ်ရဲ့ Blogသက်က ငယ်လွန်းတော့ ဆားတောင်တူးအောင် ချက်အုံးမလား မပြောတတ်ပါဘူး။ စာဖတ်သူရဲ့ လက်ထဲကို ဝကွက်အပ်လိုက်ပါပြီ။ မငံရင်တောင် မခါးဘူးလို့မျှော်လင့်ရတာပါပဲ။

ဖြူတုတ်အခု မျှဝေချင်တာကတော့ လူတစ်ယောက်ရဲ့အသက်ကို ချောကလက်ဘယ်လောက် ကြိုက်သလဲဆိုတာအပေါ်မှာ မူတည်ပြီး ခန့်မှန်းခြင်းပါ။ အဆိုကတော့ သူများတွေကိုသာ အသက်လိမ်လို့ရမယ်၊ Mr.Hersheyကိုတော့ လိမ်လို့မရဘူးတဲ့။ တယ်ဆိုတဲ့ စာပါလား။ ကြည့်ရတာကတော့ အသက်အမှန် မပြောချင်တဲ့သူများကို လှည့်စားချင်တဲ့ သဘောလားမသိ။ ဖြူတုတ်တော့ စိတ်ဝင်စားမိတာ အမှန်ပဲ။ တချိန်တည်းမှာပဲ စဉ်းစားမိတာက ဘယ်လောက် တိကျနိုင်မှာလဲနော်။ မဖြစ်နိုင်ဘူးပေါ့။ မယုံကြည်သူများ (ဖြူတုတ်အပါအဝင်) စမ်းကြည့်လို့ရအောင် Formula လေးကို အောက်မှာ ရေးပေးထားပါတယ်။ ဖြူတုတ်နဲ့ အတူတူ စမ်းကြည့်ရအောင်။ စိတ်အရမ်း မလောနဲ့တဲ့၊ တစ်မိနစ်လောက်ပဲ ကြာတာပါတဲ့၊ cheat လဲမလုပ်ရဘူးတဲ့ (ပို့ပေးတဲ့ သူငယ်ချင်းက ပြောတယ်)။ အိုး... ဒါလောက်ကတော့ ဖြူတုတ်တို့က လိုက်နာနိုင်ပါတယ်။ 'မ'တိကျ (ဒေါ်တိကျလဲ ဖြစ်လို့ရနေပါပြီ)လို့တောင် နာမည်တွင်သေးတာပဲ။ ပြောနေတာကြာပါတယ်။ နံပါတ်စဉ်အတိုင်း ဖြည်းဖြည်းမှန်မှန် တစ်ဆင့်ခြင်း လိုက်နာကြည့်ကြရအောင်။ အောက်ဆုံးကိုကျော်ပြီး ကြိုမကြည့်ကြေးနော်... ok... ready လား? စကြစို့ရဲ့။

Monday, October 19, 2009

ရှောင်မည်ရှားမည် ဂျူရီဂျူတီ (Jury Duty)


အမေရိကန်တိုင်းပြည်ရဲ့ တရားရေးစနစ်မှာ ပြစ်မှူကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသော တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့တစ်ခုကို တရားစီရင်ရာမှာ ဂျူရီ (Jury) စနစ်ဆိုတာရှိပါတယ်။ အဲဒီစံနစ်ဟာ တရားသူကြီးနဲ့ ဂျူရီလူကြီးများ (Jurors)ဆိုပြီး ဖွဲ့စည်းထားတာပါ။ ပြစ်မှူ (သို့မဟုတ်) တရားရုံး အမျိုးအစားပေါ်မှာမူတည်ပြီး ဂျူရီလူကြီးများရဲ့ အရေအတွက်ဟာ ၆ယောက်မှ ၁၂ယောက်အထိ ရှိနိုင်ပါတယ်။ ဒါကိုတော့ ဖြူတုတ် အသေးစိတ် မရေးနေတော့ပါဘူး။အသက်၁၈နှစ်ပြည့်ပြီးသော အမေရိကန်နိုင်ငံသားတိုင်း ဂျူရီလူကြီးအဖြစ် ထမ်းဆောင်နိုင်ပါတယ်။ သတ်မှတ်ချက်တချို့တော့ ရှိပါသေးတယ်။ အင်္ဂလိပ်စကားကောင်းကောင်း နားလည် ပြောဆိုနိုင်ခြင်း၊ စိတ်နဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်မရှိရခြင်း၊ မှူခင်းမှူရာ ကင်းရှင်းရခြင်း အစရှိသဖြင့်ပေါ့လေ။ ဒါပေမဲ့ ဂျူရီလူကြီးတစ်ယောက် ဖြစ်လာဖို့အတွက် အလုပ်လျှောက်ရတာမျိုး အင်တာဗျူးသွားရတာမျိုး မလိုအပ်ပါဘူး။ ပြစ်မှူတစ်ခုကို စစ်ဆေးဖို့ရှိလာရင် တရားသူကြီးရဲ့ လက်အောက်မှာရှိတဲ့ ရှေ့နေက အဲဒီသတ်မှတ်ချက်များနဲ့ ကိုက်ညီနိုင်သော သူများကို မဲပေးသူများစာရင်း (သို့မဟုတ်) ကားမောင်းလိုင်စင် ရှိသူများစာရင်းမှ randomly ဆင့်ခေါ်ခြင်းဖြစ်ပါတယ်။ အဲဒီလို ဆင့်ခေါ်ခံရသူများကို အရည်အချင်းစစ် မေးခွန်းများ ဖြေဆိုခိုင်းပြီး အောင်မြင်သူများကို ဂျူရီလူကြီး တာဝန်ထမ်းဆောင်နိုင်သူအဖြစ် လျာထားပါတယ်။ လျာထားသူတွေထဲကမှတခါ ဂျူရီလူကြီးအဖြစ် randomly ရွေးကောက်ခြင်းဖြစ်ပါတယ်။ ဆိုတော့ တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ မထမ်းဆောင်ရသည်ဖြစ်စေ တရားရုံးမှာ အချိန်ကုန်လူပန်း ဖြစ်ကြရတာကို မနှစ်သက်သူများပါတယ်။   လူအများစုကတော့ ဆင့်ခေါ်စာရောက်ပြီ ဆိုကတည်းက ဒီတာဝန်ကနှုတ်ထွက်ခွင့်ရအောင် အကြောင်းပြချက်မျိုးစုံ ပေးကြတော့တာပါပဲ။ အချို့တရားရုံးတွေမှာတော့ ဂျူရီတာဝန်ကနေ လွှတ်ပေးနိုင်တဲ့ အကြောင်းပြချက်များကို ကြေငြာထားပါတယ်။ အသက်၇၀ကျော်နေရင်၊ ၂နှစ်အတွင်း ဂျူရီတာဝန် ထမ်းဆောင်ထားရင်၊ မီးသတ်သမားလုပ်အားပေး (သို့) ကယ်ဆယ်ရေးသမား (သို့) လူနာတင်ယာဉ် ကူညီရေးအဖွဲ့ အသင်းဝင်အဖြစ် volunteerလုပ်နေရင် စာတင်ပြီး excuseပေးအောင် လျှောက်ထားနိုင်ပါတယ်။ ဖြူတုတ်ဒီလို နိဒါန်းပျိုးနေရခြင်း အကြောင်းကတော့ တနေ့မှာ ဖြူတုတ်ရဲ့ သူငယ်ချင်းတစ်ယောက်လဲ ဆင့်ခေါ်ခံရပါရော။ အဲဒီမှာ သူကဘယ်လိုအကြောင်းပြချက် ပေးသင့်သလဲလို့ တိုင်ပင်လာပါတယ်။ (ဖြစ်ချင်တော့ သူက အထက်ပါအကြောင်းပြချက်တွေနဲ့ မကိုက်ညီနေဘူးလေ။) ဖြူတုတ်ကလဲ ကြံရဖန်ရတော့မယ်ဆိုရင် သိပ်အဖြစ်မရှိဘူး။ အဲဒီတော့ လက်စွဲတော် Googleထုံးကို နှလုံးမူလိုက်ရာမှာ အောက်ပါ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းပြချက်ကလေးတချို့ကို တွေ့ရှိမှတ်သားရပါတယ်။ အခုပြောမဲ့ (၈)ခုလောက်ကတော့ ဖြူတုတ်ကိုစိတ်ဝင်စားစေတယ်။  စာဖတ်သူများ စိတ်ဝင်စားမလားမသိဘူး။

Friday, October 16, 2009

ဖြူတုတ်လေးရဲ့ 'မောင်'



ဒီ Singforyou.net ဆိုတဲ့ Site ကလေးကို ညီမလေးတစ်ယောက်ဆီက ရထားတာကြာပါပြီ။ ဒီလောက် လုပ်ရတာ လွယ်ကူတယ် မထင်တဲ့အတွက် ဖြူတုတ် Procrastinate လုပ်နေတာ နှစ်နဲ့တောင် ချီလောက်ရောပေါ့။ ဒီနေ့တော့ မိုးအေးအေးလေးမှာ ပျင်းပျင်းရှိတာနဲ့ အိမ်မှာပဲ ကာရာအိုကေ ဆိုမလား စိတ်ကူးရာကနေ Blog ပိုင်ရှင်တစ်ယောက်ရဲ့ အခွင့်အရေးကို ကျကျနန အသုံးချပြီး စာဖတ်သူတို့ကို နှိပ်စက်ဖို့ အခုလိုလုပ်ရန် အကြံရရှိသွားခြင်းပါ။

Monday, October 12, 2009

ယဉ်တကိုယ်မယ်အတွက်'ယ'



မနေ့က Tag Post ရဲ့အဆက်လေးပါ။ ဒီတခေါက်တော့ မြန်မာလိုလေးပေါ့နော်။ ယဉ်တကိုယ်မယ်ဆိုတော့ 'ယ' ပေါ့။ စာဖတ်သူတို့ အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင်။

နာမည်က... ယဉ်တကိုယ်မယ် လို့ခေါ်တွင်ပါတယ်


ပြောချင်တဲ့စကားလေး လေးလုံးက... ယဉ်ကျေးလိမ္မာ


ကောင်လေးနာမည်က... ယဉ်မင်းပိုက်


ကောင်မလေးကတော့... ယမင်းသူ


လုပ်ချင်တဲ့အလုပ်က... ယဉ်ကျေးမှူကို ထိမ်းသိမ်းချင်ပါတယ်။

'Y' for Yintakomae



ဆုမွန် Tag လုပ်သွားတာပါ။ ဖြူတုတ်ရဲ့ ပထမဆုံး Tagမို့ super excited ဖြစ်ရပါတယ်။ ဖြူတုတ်က ကိုယ့်ကိုယ်ကို 'ဖြူတုတ်'လို့ နာမ်စားသုံးသော်လည်း ဆုမွန်က 'ယဉ်တကိုယ်မယ်' အဖြစ် Tag တဲ့အတွက် ဖြူတုတ် 'Y' နဲ့ 'ယ' ကို သုံးပါရစေ။ ဆုမွန်နဲ့ စာဖတ်သူအားလုံး နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖြူတုတ်စပြောတော့မယ်နော်...


1. What is your name : YinTaKoMae
2. A four Letter Word : Year
3. A boy's Name : Yan Aung
4. A girl's Name : Yadanar Pon
5. An occupation : Yale Professor
6. A color : Yellow
7. Something you'll wear : Yankee Hat
8. A food : Yogurt
9. Something found in the bathroom : Yves Saint Laurent Toner
10. A place : Yellowstone
11. A reason for being late : You
12. Something you'd shout : Yummy
13. A movie title : You've Got Mail
14. Something you drink : Yakult
15. A musical group : Ying Yang Twins
16. An animal : Yak
17. A street name : York Street
18. A type of car: Yogo
19. The title of a song : You Are Not Alone
20. A verb : Yield

ဖြူတုတ် 'ယ' ကိုပါ တခါတည်း တင်မယ်လို့ စိတ်ကူးပေမဲ့လည်း နဲနဲခက်နေလို့ နောက်နေ့ကျရင် တင်ပေးပါ့မယ်။

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

Saturday, October 10, 2009

ဖြူတုတ်နှစ်သက်မိသော အမျိုးသားများ



ဖြူတုတ်တင်ချင်တဲ့ ပို့(စ်)ကအသစ်လေးက မှန်းထားတာထက် ပိုကြန့်ကြာနေတယ်။ ဖြစ်ချင်တော့ ဖြူတုတ်ပြင်လေ ပိုမှားလေ၊ ပိုဖတ်လို့မကောင်းလေ။ ကိုယ်တောင်မကြိုက်မှတော့ စာဖတ်သူတို့အတွက် အဆင်ပြေဖို့ ဆိုတာကတော့ ဝေလာဝေးပေါ့။ အဲဒါနဲ့ စိတ်အပြောင်းအလဲ ဖြစ်အောင်ဆိုပြီး ဖြူတုတ်ရဲ့ Collection ဓာတ်ပုံလေးများကို ဟိုဟိုဒီဒီ ပြန်ကြည့်မိရင်းနဲ့ ဒီPostလေးကို ကြားဖြတ်တင်ဖို့ စိတ်ကူးမိပါတယ်။ ဖြစ်ချင်တော့ Collection ဆိုပေမဲ့ ဓာတ်ပုံတွေလို တောင်ရောက်မြောက်ရောက် download လုပ်ထားယုံပဲရှိတာ။ ဆိုတော့...သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ဆိုပြီး နောက်ခံသီချင်းလေးနဲ့ ဓာတ်ပုံအယ်(လ)ဘမ်လေး လုပ်လိုက်မယ်ပေါ့။ လုပ်ရင်းနဲ့ စိတ်ကတော်တော်လေး ပြန်ကြည်လင်လာပါတယ်။ အစစအဆင်ကိုချောလို့။ ရွေးထားတဲ့ သီချင်းအရှည်နဲ့ ဓာတ်ပုံအရေအတွက်ကလဲ ကွက်တိပဲ။ Preview လည်း ကြည့်ပြီးပြီ။ အကုန်အဆင်ပြေတယ်။ Post လုပ်ဖို့ပဲကျန်တော့တယ်။ အဲဒီလောက်တောင် ရှောရှူနေရင်တော့ သိပ်မဟုတ်တော့ဘူး။ ဖြူတုတ် တစ်ခုခုလုပ်တိုင်း (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) အဖုအထစ်လေးတွေ ရှိတတ်တော့လေ။ တွေးလို့မှမဆုံးသေးဘူး Bloggerမှာ ဗွီဒီယိုတင်လို့ မရတာကိုသွားတွေ့တယ်။ ကဲပါလေ ဖြူတုတ်ရဲ့ ညည်းချင်းနဲ့ ရှည်မနေတော့ပါဘူး။ အဲဒါနဲ့ပဲ YouTube မှာတင်လိုက်ပြီး လင့်(ခ)လုပ်ပေးလိုက်ပါတယ်။ ဖြူတုတ်နဲ့ အကြိုက်ချင်း တူကြလားဟင်? အခုရွေးထားသူတွေက များသောအားဖြင့် သူတို့ရဲ့ရုပ်ကို ကြိုက်တာပါ။ အရည်အချင်းနဲ့ပတ်သက်ပြီး နှစ်သက်မိသူတွေ သတ်သတ်ရှိပါတယ်။ နောက်တခေါက် ပေါ့နော်။ ဒီမှာ ရှုစားလိုက်ပါအုံး။

ဒါနဲ့လေ မဆုမွန်ရဲ့ ကျေးဇူးကြောင့် Tag ခြင်းရဲ့သဘောသဘာဝကို ဖြူတုတ်နားလည်သွားတယ်။ ဒီ Post အတွက် ဖြူတုတ်ကို ဆက်ရေးပေးစေချင်သူများကတော့ မဆုမွန်၊ Rita၊ ကြည်ဖြူပိုင် နှင့် ခရေညို တို့ဖြစ်ပါတယ်။ အားတဲ့အခါပေါ့နော်။ ဒါပေမဲ့ ဖြူတုတ်စောင့်ဖတ်နေမယ်လို့ ပြောပါရစေ။

ကျေးဇူးတင်ပါတယ်
ဖြူတုတ်လေး

Sunday, October 4, 2009

ဖြူတုတ်လေးနဲ့ဘူးရို



ဒီခေါင်းစဉ်ကိုဖတ်ပြီး စာဖတ်သူတို့တော့ ဖြူတုတ်လေး 'ဘူးယို'ကိုဘယ်လို လုပ်ပါလိမ့်ဆိုပြီး စိတ်ဝင်စားသွားကြမလား မသိဘူး။ စိတ်ဝင်စားသူများရှိရင် ဖြူတုတ်လေးက မနှမြောတတ်ပါဘူး။ နည်းလမ်းကို မျှဝေပေးလိုစိတ် အပြည့်ရှိပါတယ်။ ဆရာစားချန်လိုစိတ် နည်:ပါးပုံများဆိုရင် ပြောရအုန်းမယ်... ကိုးတန်းတုန်းက သချာင်္ နဲ့ဓာတုလာလာမေးတဲ့ သူငယ်ချင်းကို စာရှင်းကောင်းတာ ပထအစမ်းအမှတ်စာရင်းလဲထွက်ရော သူကကိုယ့်ထက် အမှတ်သာသွားလို့။ ဖြူတုတ်ကတော့ ကိုယ်ရှင်းပြလိုက်လို့ဆိုပြီးတော့ သိပ်ဂုဏ်ယူတာပေါ့။ သူငယ်ချင်းက လာကျေးဇူးတင်တော့လည်း တပြုံးပြုံးနဲ့။ အိမ်ရောက်တော့မှ မိုးမွှန်အောင် အဆူခံရတာ။ ထုံလို့တဲ့။ (ဟုတ်တယ်... စာပြိုင်တဲ့နေရာမှာ ကလေးတွေကတော်တော်ရယ၊် မိဘတွေ စိတ်အားထက်သန်ပုံများ စာမေးပွဲဝင်မဖြေယုံတမယ်ပဲ။) ဖြူတုတ်ကတော့ အမှတ်သည်းခြေမရှိပါဘူး။ စာလာမေးသူရှိတိုင်း ဖြေမြဲပဲ။ ကောင်းတာလုပ်တာပဲဟာနော့။ အခုတော့ ကျောင်းသားဘဝက လွန်မြောက်ပြီး အလုပ်ခွင်ဝင်လာပြီဆိုတော့ အဲဒီအကျင့်ကို ကြိုးစားပြီးပြုပြင်နေရတယ်။ အပြိုင်အဆိုင်လေးတွေ ရှိတာကိုး။ ကိုယ့်ရဲ့ Approachကို ကိုယ့်ရဲ့Collegueနဲ့ Shareလုပ်လို့မှ မဖြစ်တော့ပဲလေ။ ပြောရင်းပြောရင်းနဲ့ ပြောချင်တဲ့ အကြောင်းအရာကနေ သွေထွက်သွားပြန်ပြီ။ ပြန်ဆက်ရရင်... အရာရာကို အသေးစိတ် 'က'ကြီးကနေ 'အ'အထိ တင်ပြချင်တတ်တဲ့ ဖြူတုတ်ရဲ့ အကျင့်အတိုင်း စာဖတ်သူ သိချင်နေတဲ့ 'ဘူးယို' ဘယ်လိုစဖြစ်လာတယ် ဆိုတာကနေ စလိုက်ကြရအောင်လား။

Sunday, September 27, 2009

ထွန်းထွန်းသို့ပေးစာ



ဒီနေ့ စနေနေ့ဆိုတော့ ထုံးစံအတိုင်း သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်ပြီး Lunchစားဖို့ Schedule ဆွဲထားပါတယ်။ မိုးလေဝသကတော့ ညနေမှာ မိုးဖွဲဖွဲရွာနိုင်တယ်လို့ ခန့်မှန်းထားတာပဲ။ မပြင်ဆင်ခင် အပြင်ကကောင်းကင်ကို လှမ်းကြည့်လိုက်တော့ တိမ်တွေညိုမဲပြီး မိုးအုံ့အုံ့ဖြစ် ရုံတင်မက မိုးပို့တဲ့ လေကပါ ခပ်ပြင်းပြင်းတိုက်နေတာကို သိလိုက်ရတယ်။ သေချာတာကတော့ ဒီမိုးဟာ ညနေအထိ မစောင့်တော့ဘူး။ ဒါနဲ့ ဖြူတုတ်လည်: အိမ်ထဲမှာပဲ ကွေးချင်စိတ် ပိုများသွားပြီး သူငယ်ချင်းကို မသွားဖြစ်တော့ဘူးလို့ ဖုန်းလှမ်းဆက်လိုက်တယ်။ သူငယ်ချင်းကတော့ အပြင်ထွက်မှာမို့ နေ့လယ်စာ ဘာမှချက်မထားဘူးဆိုပြီး ကွိစိကွစိတော့ နဲနဲလုပ်ချင်တယ်။ ချော့မော့ပြောနေတုန်းမှာပဲ သူ Takeoutမှာလိုက်တော့မယ်ဆိုပြီး ဖုန်းချသွားတယ်။ ကဲနားအေးသွားပြီ။ ဖြူတုတ်ကတော့ ပျော်တယ်။ ဘာကြောင့်လဲသိလား? ဖြူတုတ်အတွက် No Shopping ရဲ့ Trade Off သည် Blog ပေါ်ကို အသစ်တင်နိုင်ဖို့အတွက် စာရေးခြင်းလေ။ ဖြူတုတ်ရဲ့ အဖိုးတန်တဲ့ အားလပ်ချိန်လေးကို စာလေးရေးရင်းနဲ့ ကုန်ဆုံးစေမယ်ပေါ့။ (ဖြူတုတ်တို့များ စာလေးတစ်ပုဒ် ခြောက်တီးခြောက်ချက် ရေးပြီးခါစ ရှိသေးတယ် လေကတော့ ခပ်ကြီးကြီးပဲ) ဒါတောင်နော် ကိုယ့်ကိုကိုယ် တစက်မှ မရေးတတ်ဘူးလို့ ခံယူထားတဲ့သူ။ နို့မဟုတ်ရင်တော့ ... စာဖတ်သူရေ... ထားလိုက်ပါတော့လေ။ Whoppers ဘူး တစ်ဝက်လောက် ဝါးပြီးသွားချိန်မှာတော့ EUREKA (စိတ်ထဲက အော်တာပါ, အာခီမီးဒီးလိုလဲ စည်ပိုင်းထဲမှာရှိမနေပါဘူး)ဆိုပြီး ထခုန်လုနီးပါး ပျော်သွားပါတယ်။ ကုန်ကြမ်းရသွားပြီလေ။ ခေါင်းစဉ်က 'ထွန်းထွန်းသို့ပေးစာ'တဲ့။ ဟုတ်တယ်၊ ဟုတ်တယ် အခုခေတ်မှာ လူသိများနေတဲ့ ထွန်းထွန်း(Examplez) ကိုပြောတာ။ဒီခေါင်းစဉ်ကြောင့် ဖြူတုတ်ကိုတော့ ဆယ်ကျော်သက်လေးလို့မထင်လိုက်ကြပါနဲ့။ ဖြူတုတ် လူ့လောကကြီးထဲ ရောက်လာတာ decades နှစ်ခုကို တော်တော်ကျော်နေပါပြီ။ တချိန်တည်:မှာပဲ ဖြူတုတ် စဉ်းစားမိတာက ဆယ်ကျော်သက်တုန်းကတောင် ကလေးကလားဆန်တယ်ဆိုပြီး မင်းသားဆီစာရေးတဲ့ သူငယ်ချင်းတွေကို တားမြစ်ခဲ့တာ။ မင်းသားတွေက ဖတ်မှာမှမဟုတ်ဘူး၊ နင်တို့စာကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် ထင်မှာမဟုတ်ဘူး ဆိုပြီးအာချောင်ခဲ့တာ။ အလုပ်တစ်ခုလုပ်ရင် အရာထင်မှလေ ဆိုပြီးလျှာရှည်ခဲ့တာ။ အဲဒီတုန်းက Physics မှာ Work Done သင်ထားကာစဆိုတော့ အဲဒီ Theory လေးတောင် ကိုးကားလိုက်သေးတယ်။ ကိုယ်ကရေးပြီး သူတို့ကဖတ်မှ Work Done ပေါ့။ နို့မဟုတ်ရင် နင်တို့အချိန် နဲ့စက္ကူ အလကားဖြစ်ရုံပဲပေါ့။ အမယ်လေး အဲဒီတုန်းက ကိုယ်ကသူတို့ထက် အပြန်တရာအသက်ကြီးတဲ့ လေသံနဲ့။ သူတို့ကတော့  ဖြူတုတ်ကို လူတွင်ကြယ်လေသံ နဲ့ဆိုပြီးတော့ မြက်စောင်းတစ်ချက် ရှဲခနဲခဲပြီး တခြားအကြောင်းကို စကားလွှဲသွားကြတယ်။ မှန်မှန်ဝန်ခံရရင် ဆယ်ကျော်သက်တုန်းကတော့ သူများလုပ်တိုင်း လိုက်လုပ်တဲ့သူ မဖြစ်ချင်ဘူးဆိုပြီး ဘာမှမဟုတ်တဲ့မာန ထားခဲ့ယုံသက်သက်လောက်ပါပဲ။ အခြောက်တိုက် ဘဝင်မြင့်တယ်ပဲ ဆိုရမလား။ (ကိုယ့်ကိုယ်ကို ဒီလိုအမွှန်းတင်ရတာ တမျိုးကြီးပဲ) အဲဒီလိုလုပ်ခဲ့တဲ့သူက အခု နှစ်ဆယ်ကျော် သုံးဆယ်နားနီးမှ ထွန်းထွန်းဆီကို စာရေးပြီး ဘာအရူးထချင်ရတာတုန်း မေး ရင်…။

Friday, September 25, 2009

Blogging နှင့်စပ်လျဉ်းရွေ့

           

          လွန်ခဲ.တဲ.ရက်အနည်:ငယ်ကအထိ စာရေးဖို့ဆိုတာ ဖြူတုတ်တို့ ခေါင်းထဲမှာတောင် မရှိပါဘူး။ မရေးချင်တာ မဟုတ်ဘူးနော်။ ရေးချင်လိုက်တာမှ တပိုင်းကိုသေလို့။ ဘာကြောင့်လဲဆိုတော့ ဖေဖေနဲ.ဒေါ်လေး အပါအဝင် သူတို့ဘက်ကအမျိုးတွေက စာပေအရမ်းဝါသနာပါကြတယ်။ စာတိုပေစလေးတွေရေးပြီး အမျိုးတွေထဲမှာ သူ့လက်ရာနဲ.ကိုယ့်လက်ရာ အချင်းချင်:လဲလှယ် ဖတ်ရှူဝေဖန်လေ့ရှိကြတယ်။ အဖိုး (ဖေဖေ့ရဲ့အဖေ)ဆိုရင် သူ့ရဲ့ခရီးသွားမှတ်တမ်းလေးတောင် စာအုပ်ထုတ်ဖူးတယ်။ ဦးလေးဝမ်းကွဲ တစ်ယောက်ဆိုရင် မြန်မာပြည်မှာ တော်တော်လူသိများတဲ. စာရေးဆရာလေ။ ဒီပုတ်ထဲက လာမှတော့ ဒီပဲလိုပဲ ဖြစ်ချင်တာပေါ့။ ချွတ်စွတ်မဟုတ်ရင်တောင် အငွေ့အသက်ကလေးတော့ ပါချင်တာပေါ့။ အဲဒါကြောင့် ငယ်ငယ်ကတည်:က စာစီစာကုံးတွေ ရေးရင်းကို့အစွမ်:အစကို စမ်းသပ်ခဲ.ပါတယ်။။ တောက်လျှောက် ဆယ်တန်းအထိပါပဲ။ ဒါပေမယ်. ဖြူတုတ်ရေးလိုက်တိုင်း စိတ်ထဲမှာ တခုခုမပြည့်စုံသလို ခံစားရတယ်။ ကိုယ့်အရေးအသားက နူးနူးညံ့ညံ့ ချောချောမွေ့မွေ့နဲ. ဆွဲဆောင်မှူမရှိနေဘူးဆိုပြီး အားမရဘူး။ ဆယ်တန်းအောင်စာရင်းလဲ ထွက်ရော ကိုယ်သိပ်အဖြစ်မရှိတာ သေချာသွားရော။ မြန်မာစာဘာသာ တစ်ခုတဲပဲ သုံးမှတ်နဲ. ဂုဏ်ထူးကပ်ပြုတ်ခဲ.တယ်လေ။ တော်တော် ဝမ်းနည်:ခဲ.ပါတယ်။ အဲဒီအချိန်ကစပြီး ဖြူတုတ်လည်:ပဲ ကိုယ့်talentကတော့ စာရေးရာမှာ မရှိဘူးဆိုပြီး ဒီလိုပဲ ထားလိုက်ပါတော့တယ်။ ကောင်းအောင် ရေးနိုင်လိမ့်မယ်ဆိုတဲ. ယုံကြည်ချက်လည်: မရှိတော့ပါဘူး။ ကိုယ့်စာဖတ်သူကိုလည်း အချိန်ကုန် မျက်စိညောင်: မဖြစ်စေချင်ဘူးလေ။ သူများ ကောင်:ကောင်:ရေးတာလေးတွေပဲ ဖတ်တော့မယ်ပေါ့။ မေ့မေ့ပျောက်ပျောက် ပါပဲ။ ပြီးတော့ ကိုယ်သွားတဲ. လိုင်းကလဲ Lab Report ဖန်တရာတေအောင်ပဲ ရေးရတဲ. Research ဆိုတော့...။

Tuesday, September 22, 2009

ငါအခုမှသိတယ်...ငါတော်တော်ခေတ်နောက်ကျပါလား။



ဒါလေးကတော့ Electrical Engineer သူငယ်ချင်း တစ်ယောက်ရဲ့ ညည်းချင်းလေးပါ။ သဘောကျမိလို့ သူ့ကိုခွင့်တောင်းပြီး Originalအတိုင်း တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးရင်တော့ ...  ဖြူတုတ်၊ မင်းကရောကွာလို့ မေးချင်လာကြ ပါလိမ့်မယ်။ အဖြေကို အောက်ဆုံးမှာ ရှူစားပါလို့။

Dude, I just realize that I’m so outdated…What about you?

While I’m still using Windows XP, the Windows 7 is here, I didn’t even know how Windows Vista screen looks like. It reminds the story of Windows ME…


When I’m still using Pentium 4 CPU and struggling if I should upgrade to Dual Core, the Core 2 and Quad Core CPUs are going to be replaced by i7. Today, for the first time, I heard that there was a Pentium D in between…



အများစုသောအပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ

ဖြူတုတ်ရေးတာမဟုတ်ပါဘူး။ သူငယ်ချင်းတစ်ယောက်က FORWARD လုပ်လိုက်တာပါပဲ။ ဖတ်ပြီး DELETE လုပ်လိုက်မဲ.အစား သူငယ်ချင်းတို့ မဖတ်ရသေးရင် ဖတ်ပြီး ရီပြုံးသွားနိုင်အောင် တင်ပေးလိုက်ပါတယ်။ အမလေး... ၈၈ ချက်ကြီးများတောင်ပါလား။

အများစုသောအပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ

၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။

၂။ ဇီဇာကြောင်တတ်သည်။

၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။

၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။

၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။

၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။

ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုးရွေးရခက်နေတတ်သည်။

ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။

၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။

၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။



Wednesday, September 16, 2009

ဒီကျောင်းသားနာမည်ကိုသိပါသလား ?

A friend of mine forwarded this interesting questions and answers to me. I enjoyed reading it so much that I am sharing with you all. I hope that you all will enjoy reading it. :)


One day, a professor of a university decided to defy his pupils.
တစ်ရက်မှာ တက္ကသိုလ်ဆရာတစ်ယောက်က သူ့တပည့်တွေကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။


He asked: Did God create everything that exists?

ဆရာကမေးတယ် "တည်ရှိမှု့တွေအားလုံးကို ဘုရားသခင်က ဖန်တီးတာလား၊ "


A student answered bravely: "Yes, He did."


တပည့်တွေက ရဲရင့်စွာနဲ့ပြန်ဖြေတယ် " ဟုတ်တယ် "


Everything? asked the teacher.

ဆရာကထပ်မေးတယ်။ " အားလုံး "


Love Medicine